37 C
Yangon

ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက် အောင်ချမ်းသာကွက်သစ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ပျုစောထီး ၃ ဦးသေဆုံး

Must read

ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက် အောင်ချမ်းသာကွက်သစ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ပျုစောထီး ၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက် အောင်ချမ်းသာကွက်သစ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ပျုစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက် အောင်ချမ်းသာကွက်သစ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်တွင် ငွေကြေး ကောက်ခံနေသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ ပျူစောထီး ဖိုးခွား အပါအဝင် ပျူစောထီး ၃ ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ပျူစောထီး မသာ အလောင်းများကို ပခုက္ကူဆေးရုံသို့ ပိုဆောင်ကာ ယင်းနေ့ ညနေပိုင်းတွင် သင်္ဂြိုဟ်လိုက်ကြောင်း သိရှိရပါသည်။

“အဲ တိုက်ခိုက်မှုက ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ ပျူစောထီး ဖိုးခွား အပါအဝင် ပျူစောထီး ၃ ဦးနေရာမှာ ပွဲချင်းပြီး သေပါတယ်။ အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နှင့် Shwe Nyar Myae PDF တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို စစ်ဆေးရေး ဂိတ်စခန်းသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ပျူစောထီးများ ဖွင့်လှစ်ထားသော ဂိတ်စခန်းဖြစ်ပြီး လမ်းသွားလမ်းလာများကို အတင်းအဓမ္မ ငွေကြေးကောက်ခံနေသောဂိတ်ဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article