32 C
Yangon

ထိုင်းနိုင်ငံ၊ လျှပ်စစ်ပစ္စည်းထုတ် Midea စက်ရုံမှ မြန်မာအလုပ်သမား ၁၀ ဦး မတရား အလုပ်ထုတ်ခံရပြီး လုပ်ခလစာပါ မရ

Must read

ထိုင်းနိုင်ငံ၊ လျှပ်စစ်ပစ္စည်းထုတ် Midea စက်ရုံမှ မြန်မာအလုပ်သမား ၁၀ ဦး မတရား အလုပ်ထုတ်ခံရပြီး လုပ်ခလစာပါ မရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် ချွန်ပူလီမြို့ ဘိုဝှေ့ ကြက်လက်စင်ဝှေ့ပါ ရှိ Midea (အိလ်ထရောနစ် )စက်ရုံ တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၀ ဦး ကို ဘဏ်ကတ် လုပ်မရဆိုသော အကြောင်းပြချက်နှင့် မတရားအလုပ်ထုတ်ပစ်ခဲ့သည့်အပြင် အလုပ်သမားများ၏ လစာ ၁ လစာကိုလည်း မရှင်းပေးသည့် ကိစ္စများ ဖြစ်ပေါ်ခဲ့၍ လိုက်လံကူညီဆောင်ရွက်ပေးနေကြောင်း WAG မဟာမိတ်အဖွဲ့မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်ရုံသူဌေးက အလုပ်သမားများအတွက် ဘဏ်ကတ်လုပ်၍ မရဟုဆိုကာ မြန်မာအလုပ်သမား ၁၀ ဦးကို အလုပ်ထုတ်လိုက်ခြင်းဖြစ်ပြီး အလုပ်သမားများ အလုပ်လုပ်ခဲ့သည့် ၂၀၂၄ ခုနစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့အထိ လုပ်အားခများ စုစုပေါင်း ဘတ်ငွေ ၁၁၀၀၀၀ ကိုလည်း မရှင်းပေးကြောင်း၊ လုပ်အားခများ တောင်းဆိုသည့်အခါတွင်လည်း မန်နေဂျာဖြစ်သူက Kasikornbank ဘဏ်အကောင့်ဖြင့်သာ လွှဲပေး၍ ရသည်ဟုဆိုကာ လုပ်အားခများကို ငွေသားအဖြစ် ထုတ်မပေးကြောင်း၊ အလုပ်သမားများအနေနှင့်လည်း လုပ်အားခများမရှိသဖြင့် ဘဏ်အကောင့်ဖွင့်ရန် ငွေလုံလောက်မှုမရှိသည့်အတွက် WAG – အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဓိက ထိုင်းနိုင်ငံမှာ ဒီအလုပ်သမားအခွင့်အရေးကတော့ အများကြီး ဆုံးရှုံးတယ်။ ဒီအလုပ်သမားတွေက အကြောင်းမဲ့ ပွဲစားတွေက သွားသွင်းတယ်။ တစ်ယောက်ကို ဘတ် ၄၅၀၀ တွေ ယူကြတယ်။ ယူပြီးတော့ ဒီအလုပ်ရုံတွေမှာ သွားသွင်းလိုက်တယ်။ သွားသွင်းပြီးတဲ့အချိန် အလုပ်သမားတွေက အခုဆိုရင် ဘဏ်ကတ်ပေါ့ မရဘူးဆိုပြီး လုပ်တာအဆင်မပြေဘူးဆိုပြီးတော့ အကြောင်းမဲ့ အလုပ်ဖြုတ်လိုက်တယ်။ အခုကျတော့ ဒီအလုပ်သမားတွေကို ကြိုတင်လည်း အကြောင်းမကြားဘူး အလုပ်ဖြုတ်ချလိုက်တာ။ WAG ကို အကူအညီတောင်းခံလာတဲ့အတွက် အလုပ်သမား လုပ်အားခရယ်၊ ကြိုတင်အကြောင်းမကြားတဲ့ဟာရယ် ပွဲစားပိုင်း ပွဲစားလူလိမ်တွေကို နယ်မြေခံရုံးမှာ တိုင်ကြားထားပါတယ်” ဟု WAG မဟာမိတ်အဖွဲ့မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် အလုပ်သမားအရေးနှင့် ပတ်သက်၍ နယ်မြေခံရုံးတွင် တိုင်ကြားထားရန် စီစဉ်ထားပြီး အလုပ်သမားများ လုပ်အားခအပြင် ထိုက်သင့်သည့် လျော်ကြေး ပြန်လည်ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article