Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရခိုင်ပြည်နယ်က စစ်တွေမြို့သိမ်း တိုက်ပွဲဟာ ပိုမိုပြင်းထန်လာနေပြီး အာရက္ခတပ်တော် AA က တစ်ပြိုင်တည်းမှာပဲ မကွေး နဲ့ ပဲခူးတိုင်းအတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၄ ခုကိုပါ သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ဒေဿခံပြည်သူတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အာရက္ခတပ်တော် AA က မြို့သိမ်းတိုက်ပွဲတွေအတွင်းဖမ်းဆီးရမိထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သုံ့ပန်းစစ်သားတွေရဲ့ မိသားစုဝင်ထဲက လွှတ်ပေးလို့ရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ် အပါဝင် စုစုပေါင်း ၁၉၈ ဦးကို ထပ်မံလွှတ်ပေးလိုက်တယ်လို့ အာရက္ခတပ်တော် AA က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က တလုပ်မြို့ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားပြီး ၊ ပြည်သူပိုင် ပစ္စည်းတွေပါ ခိုးယူလုယက် သွားကြပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
![](https://yktnews.com/wp-content/uploads/2025/02/Screenshot-55.jpg)