28 C
Yangon

စလင်းမြို့နယ်၊ တညောင်ရဲစခန်းရှေ့ရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၁ ဦး သေဆုံး

Must read

စလင်းမြို့နယ်၊ တညောင်ရဲစခန်းရှေ့ရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၁ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းရှေ့ရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ တညောင်ရဲစခန်းရှေ့ရှိ စစ်ဆေးရေး ဘန်ကာကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ – ဇုန် ၃) တိုက်နယ် တာဝန်ခံနှင့် ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ပစ်ခတ်တိုက်ခိုက်မှု အတွင်း စစ်ဆေးရေး လုပ်ဆောင်နေသော ရဲ ၁ ဦး သေဆုံးပြီး ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဘန်ကာ အတွင်းကိုလည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဘန်ကာအတွင်းမှ စစ်သား ၁ ဦး လက်တွင် အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ တိုက်ခိုက်မှု အတွင်းမှာ ရဲခွေး ၁ ကောင်သေတယ်လို့ သိရပါတယ်။ တခြားထိခိုက်ဒဏ်ရာရတဲ့ ကောင်တွေလည်း ရှိသေးတယ်။ ကျနော်တို့ ရဲဘော်တွ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၁ ဦးကို မှတ်ပုံတင် စစ်ဆေးပြီး ထိန်းသိမ်းထားခြင်းကြောင့် ပြည်သူများ အထိအခိုက် မရှိစေရန် တော်လှန်ရေး ရဲဘော်များက ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ အထိုင်ချနေရာများ အနီးတဝိုက်တွင် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်၍ သတိနှင့် သွားလာပေးကြရန်နှင့် စစ်ကား၊ ရဲကားများ အနီးတဝိုက် ကပ်ပါလိုက်ပါခြင်းမပြုရန် မေတ္တာရပ်ခံကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article