30 C
Yangon

ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ရွာကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာရ

Must read

ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ရွာကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်းစစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အိုင်စောက်ရွာတွင် နေထိုင်‌သော အသက် ၅၀ အရွယ် ဒေါ်စန်းရီ ပွဲချင်းသေဆုံးပြီး အသက် ၃၈ နှစ်အရွယ် ဦးအောင်မျိုးဝင်း (ခ) ဖိုးပြား ဘယ်ဘက်လက် ဗုံးစထိမှန်ပြီး လက်ပြတ်သွားကာ အသက် ၁၂ နှစ်အရွယ် မရွှန်းလဲ့ ဝေညာ လက်မောင်းကို ဗုံးစထိမှန်ပြီး နောက်ကျောထိ ထုတ်ချင်းပေါက် ဒဏ်ရာရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးသည် အရေးပေါ် ခွဲစိတ်ရန် လိုအပ်နေပြီး လက်ရှိချိန်ထိ ဆေးရုံသို့ ပို့ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ညတုန်းကစစ်ခွေးတွေ ဗုံးလာကျဲအချိန်က ၁၀ နာရီ ၃၀ မိနစ်လောက်ကို လာကျဲသွားတာ ပြည်သူ ၁ ဦး သေဆုံးပြီးတော့ ၂ ဦး ထိခိုက်ဒဏ်ရတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးက အရေးပေါ် ခွဲစိတ်ဖို့ လိုအပ်နေတယ်။ ဆေးရုံကို ပို့လို့ မရသေးဘူးလို့ သိရှိရတယ်” ဟု ၃၆၀၁ PPDF တပ်ရင်းစစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

ယင်း စက်တပ် ၃ စီးသည် ပြည် ခလရ ၇၅ တပ်ရင်းမှ ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့ဘက်ကို ပျံသန်းလာပြီး ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article