သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ ကွပ်ကဲသော အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၈ နှင့် အပတ်စဥ် ၉ သင်တန်းဆင်း အခမ်းအနားကျင်းပ
လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ ကွပ်ကဲသော အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၈ နှင့် အပတ်စဥ် ၉ သင်တန်းဆင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်ကို အလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲဘော်များကို အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာဓိဌာန် ၄ ချက်ကို ရွတ်ဆိုခြင်း၊ လက်နက်ပေးအပ်ခြင်း၊တာဝန်ရှိသူများက မိန့်ခွန်းပြောကြားခြင်းများနှင့် ထူးချွန်ဆုရ သင်တန်းသားများကို ဆုချီးမြှင့်ခြင်းများ ပြုလုပ်၍ တော်လှန်ရေးသီချင်းများနှင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။


