33 C
Yangon

ဗထူးသင်တန်းကျောင်းမှ တပ်ကြပ်ကြီး မင်းဇော်ဦးနှင့် တောင်ကြီး အမတ ၃၅၇ မှ တပ်ခွဲ တပ်ကြပ်ကြီး အောင်မြင့်တို့ စကားများပြီး အချင်းချင်း ပစ်ခတ်၍ ၂ ဦးလုံး သေဆုံး

Must read

ဗထူးသင်တန်းကျောင်းမှ တပ်ကြပ်ကြီး မင်းဇော်ဦးနှင့် တောင်ကြီး အမတ ၃၅၇ မှ တပ်ခွဲ တပ်ကြပ်ကြီး အောင်မြင့်တို့ စကားများပြီး အချင်းချင်း ပစ်ခတ်၍ ၂ ဦးလုံး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်၊ ဗထူး တိုက်ခိုက်ရေးသင်တန်းကျောင်းတွင် တပ်ကြပ်ကြီး မင်းဇော်ဦးနှင့် အမှတ် ၃၅၇ အမြောက်တပ်(တောင်ကြီး)မှ တပ်ခွဲ တပ်ကြပ်ကြီး အောင်မြင့် တို့ စကားများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်၍ ၂ ဦးစလုံး သေဆုံးခဲ့ကြကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က စစ်ရေးသတင်းအရင်းအမြစ်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထိုကဲ့သို့ နှစ်ဦးစလုံး အချင်းချင်း စကားရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွား၍ ၂ ဦးလုံး သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း၊ ၂ ဦးစလုံး၏ အလောင်းများကို စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးအကြောင်းအရင်းကိုမူ မတော်တဆဟု ဖော်ပြခဲ့ကြောင်း သိရှိရသည်။

“ဗထူးက တစ်ယောက်ရော တောင်ကြီး အမြောက်တပ်က တစ်ယောက်ရော သေတာ။ သူတို့ အချင်းချင်း စကားများပြီး ပစ်တာ ။ သူတို့က ဖြစ်စဉ်ကတော့ လိမ်ပြီးတော့ တင်တာပေါ့ အချင်းချင်းပစ်တယ်ဆိုရင် သူတို့ အမှုတက်မှာစိုးလို့ မတော်တဆ ပုံစံမျိုးနဲ့ ဆေးစာအတုလုပ်ပြီးတော့ သေဆုံးလက်မှတ်လုပ်လိုက်တာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း တိုက်ခိုက်ရေးတပ်များနှင့် လက်ရုံးတပ်များကို နောက်တန်းသို့ပြန်၍ ခွင့်ဖြင့် အေးဆေးစွာ အနားယူခွင့်မပေးတော့ဘဲ စစ်ဆင်ရေးနှင့်လုံခြုံရေး တာဝန်များ ခိုင်းစေသဖြင့် စိတ်ဖိစီးမှုများ ခံစားရကာ မကြာခဏဆိုသလို အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိကြောင်း တပ်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ အကြပ်သင်တန်းတက် စစ်သင်တန်းသားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article