28 C
Yangon

ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်းဂိတ်စခန်း ၅ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဂိတ်စခန်းများကို မီးရှို့ရှင်းလင်း၊ ခလရ ၂၆၄ တပ်ရင်းကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်းဂိတ်စခန်း ၅ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဂိတ်စခန်းများကို မီးရှို့ရှင်းလင်း၊ ခလရ ၂၆၄ တပ်ရင်းကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရထားသံလမ်းဂိတ်စခန်း ၅ ခုကို တပြိုင်တည်းဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဂိတ်စခန်းမျာကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2 -3702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်း တံတား အမှတ် ၁၄၅ ၊ ၁၄၆ ၊ ၁၄၇ ၊ ၁၄၈ ၊ ၁၄၉ ရှိ စစ်တပ် သံလမ်းကင်းတဲ ဂိတ်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ MA ကျည်ဘောက် ၂ ဘောက်၊ MA ကျည် အတောင့် ၂၀ တို့သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ယင်းဂိတ်စခန်းကင်းတဲအားလုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

“ဂိတ်စခန်းအကုန်လုံးရခဲ့ပါတယ်။ ရန်သူကတော့ ပြေးကုန်တာပါ။ ဂိတ်တွေကတော့ တစ်ခုနဲ့တစ်ခု အရမ်းကြီးတော့ မနီးဘူး။ တစ်ချို့ဆိုရင် တစ်မိုင်လောက်ရှိတယ်။ တစ်ချို့ဆိုရင် မီတာငါးရာ၊ ခြောက် ရာ၊ ခုနှစ်ရာ၊ ရှစ်ရာပေါ့။ မြေပြင်စစ်ကူကတော့ သူတို့ချက်ချင်းကြီးမရောက်လာဘူး။ အချိန်အများ ကြီးရတယ်။ အကုန်လုံးရှင်းလင်းပြီးတော့မှ ကျနော်တို့အထိုင်စခန်းရောက်တဲ့အချိန်ကျမှ သူတို့ဘက် က လူစုတာတို့ ဘာတို့လုပ်ပြီးတော့ ရောက်လာတာ။ အဲဒါတောင် ကျနော်တို့လုပ်တဲ့ ရထားသံလမ်း အဲအနားထိကိုမရောက်လာသေးဘူး။ အဝေးကနေပဲ လက်နက်ကြီးပစ်တယ်။ ဒရုန်းနဲ့ချတယ်။ အဲလို မျိုးပဲ စစ်ကူကတော့ မြို့ပေါ်က ရုံးပေါင်းစုံကရှိမယ်။ ပြီးရင် ဟိုဂိတ်ကနည်းနည်း ထုတ် ဒီဂိတ်ကနည်းနည်း ထုတ်ပေါ့ ပြီးရင် ခလရ ၂၆၄ ရှိမယ်။ ၂၆၄ ကနေလည်း ဆွဲထုတ်နိုင်မယ်။ အဲလိုအင်အားစုပြီးတော့မှ ရောက်လာတာ ဂိတ်တဲတွေရဲ့အင်အားကတော့ အားလုံးဆိုရင် နှစ်ဆယ် အစိတ်ဝန်းကျင်တော့ရှိမယ်။ အဲဒီနေရာအားလုံးပေါ့” ဟု ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2 -3702 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၉ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 တပ်ရင်းနှင့် Spring Warriors Column တပ်ရင်း များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့် တန်ပြန်တိုက်ခိုက်မှုကြောင့် ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း P2 – 3702 တပ်ရင်းမှ တပ်ဖွဲ့ဝင် ၁ ဦး ထိမှန်ကျဆုံးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေကို တိုက်တွန်းချင်တာက အဲဒီလမ်းလုံခြုံရေးတွေရှိတယ်။ အဲဒီလမ်းလုံခြုံရေးတွေမှာ ပိုက်ဆံပေးပြီးတော့ စောင့်ခိုင်းတာတွေရှိတယ်၊ အဲဒီမှာ သူတို့က ပြည်သူတွေပဲ၊ ကင်းသမားပေါ့၊ ဒါ ပေမယ့် စစ်ကောင်စီနဲ့ပဲ ပူးပေါင်းပြီးတော့မှ ကင်းစောင့်ရတာ၊ စစ်ကောင်စီနဲ့ပူးပေါင်းပြီးစောင့်ရတာ ဆိုတော့ ကျနော်တို့က တိုက်ပွဲဖြစ်တယ်။ ဂိတ်တွေဘာတွေဝင်စီးတယ်ဆိုရင် မလွှဲမရှောင်သာ ထိခိုက်မိတာတွေရှိနိုင်တယ်။ အဲဒီတော့ ပြည်သူတွေကိုပြောချင်တာက စစ်ကောင်စီနဲ့ ခပ်ကင်းကင်း နေပေးကြဖို့မှာချင်ပါတယ်” ဟု ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2 -3702 မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ည ၁၀ နာရီ ၁၅ မိနစ်ကလည်း ပိန်းဇလုပ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၄ တပ်ရင်းကို KNLA တပ်ရင်း ၉ နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များ ပူးပေါင်းကာ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article