28 C
Yangon

သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး

Must read

သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများနှင့်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကာ နေရာတွင်ပင် အကြမ်းဖက်စစ်သားများ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၃ နှင့် တပ်ခွဲ ၅ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်အန္တရာယ်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ဝင်ရောက် ပစ်ခတ်တာကလည်း ရဲဘော် ၆ ဦးတည်းနဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ အခုဝင်ပစ်တဲ့ နေရာက ရဲစခန်းနဲ့ နီးနီးလေးပါ။ စစ်ခွေးတွေက ဘန်ကာထဲကနေ ကျနော်တို့ကို ပြန်ပစ်နေလို့ လက်နက်တောင် မကောက်ခဲ့ရဘူး။ မသေဘဲ ကျန်တဲ့ စစ်ခွေးတွေက သေတဲ့ကောင်ဆီက လက်နက်ပါယူပြီး လိုက်ပစ်သေးတယ်။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာပြီဖြစ်၍ ပြည်သူများ အကြမ်းဖက်စစ်သားများနှင့် အတူတကွနေထိုင်ခြင်း၊ လမ်းပြခြင်း၊ ကား၊ ဆိုင်ကယ်များ ငှားရမ်းခြင်းများ မပြုလုပ်ကြပါရန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article