35 C
Yangon

ကန့်ဘလူတွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး FAW ကား ၁ စီး သိမ်းဆည်းရရှိကာ မီးရှို့ရှင်းလင်း

Must read

ကန့်ဘလူတွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး FAW ကား ၁ စီး သိမ်းဆည်းရရှိကာ မီးရှို့ရှင်းလင်း

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး FAW ကား ၁ စီး သိမ်းဆည်းရရှိကာ ယင်းကားကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက် မှ ဇီးကုန်း-မလယ်လမ်း အတိုင်း အရှေ့ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသော FAW ကား ၁ စီးနှင့် ဆယ်ပေတိုကား ၁ စီးကို နတ်တောင်ရွာ အရှေ့ဘက် အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စတင် မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အပြန်အလှန် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်‌သေဆုံးမှုများ ရှိခဲ့ပြီး စစ်ကောင်စီ တပ်သားများ စီးနင်းလာသည့် FAW ကား ၁ စီးကို သိမ်းဆည်းရရှိကာ မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက် ကနေ ဇီးကုန်း-မလယ် လမ်းအတိုင်း ထွက်လာတဲ့ စစ်ခွေးကား ၂ စီးကို နတ်တောင်ရွာ အရှေ့ဘက် အရောက်တွင် မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ရန်သူ့ဘက်က ထိခိုက်‌သေဆုံးမှုရှိပြီး ရန်သူ့ FAW ကား ၁ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်” ဟု ကန့်ဘလူခရိုင် -တပ်ရင်း ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနှင့် ပကဖ အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article