ကရင်နီတိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ၊ စစ်တပ်၏ ပစ် ခတ်မှုများကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး အဆောက်အအုံ ၇၀ ဝန်းကျင်ပျက်စီး
ကရင်နီတိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ စစ်တပ်၏ ပစ် ခတ်မှုများကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး အဆောက်အအုံ ၇၀ ဝန်းကျင်ပျက်စီးကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိလွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့ တို့တွင် စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများကို ပစ်မှတ် ထား၍ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပစ် မှတ်ထားတိုက်ခိုက်မှုများကြောင့် အသက် ၁၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးသူငယ် ၁ ဦး၊ ၁၇ နှစ်အရွယ် လူငယ် ၂) ဦးနှင့် အရပ်သားပြည်သူ ၁ ဦး စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ ဒရုန်း၊ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့တွင် ထိခိုက်မှုများခဲ့ပြီး ပြည်သူနေအိမ် ၅၀ လုံးထက်မနည်း၊ စာသင်ကျောင်း ၄ ကျောင်းနှင့် ဘာသာရေး အဆောက်အဦး ၄ ခု တို့မီးလောင်ပျက်စီးခဲ့ပြီး အခြားမြို့နယ်များတွင်လည်း ပြည်သူနေအိမ် ၈ လုံး၊ ဆေးပေးခန်း ၁ ခန်း၊ စာသင်ကျောင်း ၁ ကျောင်း နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့ ကြောင်း သိရသည်။
“မိုးဗြဲမြို့နဲ့အနီးတဝိုက်မှာရှိတဲ့ စစ်ရှောင်တွေ၊ အထူးသဖြင့် ကျေးရွာအချို့တွေကလည်း တိုက်ပွဲဖြစ် နေတဲ့နေရာတွေ၊ တိုက်ပွဲဧရိယာနဲ့နီးတဲ့နေရာတွေကို ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့နဲ့ နယ်မြေ ခံ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပေးဖို့ တိုက်တွန်းချင်ပါတယ်။ စစ် ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့အတွက် လုံခြုံ ရေးအသိ၊ လုံခြုံရေးသတိရှိကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
တိုက်ပွဲများအနေဖြင့် ဖေဖော်ဝါရီလ ၅ ရက်နေ့ မိုးဗြဲမြို့၊ ကသလစ်စေတမန်ကျောင်း၌ တပ်စွဲထားသော စစ်ကောာင်စီ တပ်သားများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကာ ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သားများထံမှ လက် နက်ကြီး၊ လက်နက်ငယ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထောက်ပို့ လေယာဥ်ဖြင့် ဗုံးသီးကျဲချခြင်း၊ ဒရုန်းများဖြင့် ဒရော့ဗုံးချခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း စသည် တို့ကို တစ်နေကုန်နီးပါး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက အပြင်းအထန် ကြိုးစားနေပါတယ်။ သူတို့အတွ်က ထောက်ပို့လမ်းကြောင်းအရ အတော်အရေးပါတဲ့ လမ်းဆုံမြို့တစ်ခုလည်းဖြစ်တယ်၊ ဒီးမော့ဆိုဘက်ကိုလည်းထောက်ပို့လမ်းကြောင်းတွေ ဖောက်လို့ရသလို လွိုင်ကော် -မိုးဗြ- ဖယ်လုံ လမ်းကြောင်းကိုလည်း ထိန်းချုပ်လို့ရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက် စစ်ကောင်စီက မိုးဗြဲမြို့ကို အပြင်းအထန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီက မိုးဗြဲမြို့ကို ထိန်းချုပ်မှုရရှိသွားပြီ ဆို ရင်တော့ ဒီးမော့ဆိုတို့၊ လွိုင်ကော်တို့ကို စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှု ပိုပြီးတော့ခံရနိုင်ဖွယ်ရှိတဲ့ အ တွက် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း အပြင်းအထန် ခုခံတိုက်ခိုက်နေရခြင်းပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁ လအတွင်း ကရင်နီပြည်နယ်၊ ဖားဆောင်း၊ ဘောလခဲနှင့် လွိုင်ကော်မြို့နယ်တို့တွင် တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ မိုးဗြဲမြို့တွင်လည်း စစ်ကောင်စီမှမြို့အား ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက်ထိုးစစ်ဆင်ခဲ့သဖြင့် တစ်လတာလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး KNDF မှ ရဲဘော် ၅ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။
ဖေဖော်ဝါရီလအတွင်း KNDF ထံ ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီတပ်သား လက်နက်ပါ ၅ ဦး နှင့် လက်နက်မဲ့ ၂ ဦး စုစုပေါင်း ၇ ဦးရှိပြီး၊ ရှေ့တန်းစစ်မြေပြင်တွင် ဦးတည်ရာမဲ့ထွက်ပြေးသော တပ် ပြေး ၈ ဦးတို့ကိုလည်း ဖမ်းဆီးကာ ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းထားကြောင်း အသိပေးထားသည်။


