26 C
Yangon

ပြည်ပရောက် မြန်မာများ ပြည်တွင်း သို့ ပြန်လည် ဝင်ရောက်ခြင်း မရှိတော့၍ အခြေခံအလုပ်သမားများအားလုံး ပြည်ပသို့ စေလွှတ်မှု အကန့်အသတ်မရှိ ရပ်ဆိုင်းထား

Must read

ပြည်ပရောက် မြန်မာများ ပြည်တွင်း သို့ ပြန်လည် ဝင်ရောက်ခြင်း မရှိတော့၍ အခြေခံအလုပ်သမားများအားလုံး ပြည်ပသို့ စေလွှတ်မှု အကန့်အသတ်မရှိ ရပ်ဆိုင်းထား

🟥ကျွမ်းကျင်လုပ်သားနှင့် G to G အစီအစဉ်အရ အလုပ်သမားများကိုသာ စစ်ကောင်စီက စိစစ်၍ ပြည်ပထွက်ခွင့်ပြုနေ

ရန်ကုန်၊ မတ် ၉

ပြည်ပရောက် မြန်မာများ ပြည်တွင်း သို့ ပြန်လည် ဝင်ရောက်ခြင်းမရှိတော့၍ အခြေခံအလုပ်သမားများအားလုံး ပြည်ပသို့ အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပြီး ကျွမ်းကျင်လုပ်သားနှင့် G to G အစီအစဉ်အရ အလုပ်သမားများသာ ပြည်ပထွက်ခွင့်ပြုနေကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာန၊ သတင်း ရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ပြည်ပသို့ အလုပ်သမားများ စေလွှတ်မှုများအားလုံး ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ ယင်းနောက် ကျွမ်းကျင်အလုပ် သမားများနှင့် G to G အစီအစဉ်အရ အလုပ်သမားများ စေလွှတ်မှုများကို အလုပ်သမားဝန်ကြီးဌာနက စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အခြေခံ အလုပ် သမားများ ပြည်ပသို့ စေလွှတ်မှုကိုမူ ယာယီအားဖြင့် ရပ်ဆိုင်းထားကြောင်း၊ အထူးသဖြင့် ပြည်ပသို့ ထွက်ခွာရာတွင် အဓိကကျသည့် ပြည်ပအလုပ် အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Oversea Worker Identification Card – OWIC) ထုတ်ပေးမှုကို အခြေခံအလုပ်သမားများအားလုံးအတွက် ယာယီအား ဖြင့် ရပ် ဆိုင်းထားကြောင်း သိရှိရသည်။

” OWIC က ကျွမ်းကျင်အလုပ်သမားတွေနဲ့ G to G အစိုးရအစီအစဉ်နဲ့ ပြည်ပထွက်မယ့် အလုပ်သမားတွေကို ခွင့်ပြုပေးနေပါတယ်။ ပြည်ပကို အခြေခံအလုပ်သမားတွေ သွားရောက်ခွင့်နဲ့ OWIC ကတ်ထုတ်ပေးမှုကိုတော့ အခုအချိန်အထိ အကုန်ရပ်ဆိုင်းထားပါတယ်။ ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာ နစက ထိပ်ပိုင်းက ဆုံးဖြတ်မှာဖြစ်ပါတယ်။ အဓိက ပြဿနာဖြစ်နေတာက ပြည်ပရောက် မြန်မာတွေက အခွန်ငွေလည်း အပြည့်အ၀ မဝင်သလို ပြည် တွင်းကို ပြည်ပရောက် မြန်မာတွေ ပြန်လည် ဝင်ရောက်မှုက အင်မတန်ကိုမှ နည်းနေပါတယ်။ အဲဒီနောက်ဆက် တွဲက အလုပ်သမားရှားပါးမှုနဲ့ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှု ဖြစ်နေပါတယ်။ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက နစက ဥက္ကဋ္ဌ (မင်းအောင်လှိုင်) ညွှန်ကြားချက်နဲ့အညီ ဖြစ်နေတာပါ” ဟု နေပြည်တော် အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်က ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ချစ်ဆွေကို အလုပ်သမားဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ပြီးနောက် ပြည်ပသို့ အလုပ်သမားစေလွှတ်မှုများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်အလုပ်သမားများ၊ ရုရှားနိုင်ငံသို့ ကျွမ်းကျင်အလုပ်သမားများနှင့် လာအိုနိုင်ငံသို့ G to G အလုပ်သမားများကို အလုပ်သမားဝန်ကြီးကိုယ်တိုင် စိစစ်၍ ထွက်ခွာခွင့်ပြုကြောင်း၊ သို့ရာတွင် အခြေခံ အလုပ်သမားများကိုမူ OWIC ကတ် ထုတ်ပေးခြင်းနှင့် ပြည်ပထွက်ခွာခွင့်များအားလုံး ယာယီရပ်ဆိုင်းထားကြောင်း သိရှိရသည်။

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ အခက်အခဲဖြစ်နေပြီး ပြည်ပရောက် အလုပ်သားများထံမှ ကောက်ယူ ရရှိသော နိုင်ငံ ခြားငွေမှာလည်း ရရှိသင့်သလောက် မရကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် ဇန်နဝါရီလ ၁၇ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ လူဦးရေအနေဖြင့် ကျဆင်းသွားကြောင်း၊ လူဦးရေ ကျဆင်းရခြင်းမှာ အကြောင်းအမျိုးမျိုးဖြင့် ပြည် ပနိုင်ငံများသို့ ထွက်ခွာသူ များပြားလာခြင်း၊ အကြောင်းအမျိုးမျိုး ကြောင့် သေ ဆုံးသူများရှိခြင်းနှင့် မွေးဖွားနှုန်း ကျဆင်းခြင်းတို့ကြောင့် ဖြစ်ကြောင်း ၊ လူဦး ရေ ကျဆင်းမှုနှင့်အတူ ပြည်တွင်းလုပ်သားများလည်း ရှားပါးလာနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဓာတ်ပုံ- စစ်ကောင်စီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အဝင်အထွက်များကို ယမန်နေ့ စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article