32 C
Yangon

အုတ်တွင်းမြို့နယ်ရှိ စစ်တပ် စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံး

Must read

အုတ်တွင်းမြို့နယ်ရှိ စစ်တပ် စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၀

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း အုတ်တွင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့နှင့် အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး ကျောက်တိုင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ ဗျူဟာ ၂၃ တပ်ဖွဲ့များဖြစ်သော တပ်ရင်း ၃၅၀၂ နှင့် အုတ်တွင်းမြို့နယ် ပကဖ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး လက်နက်ငယ် ၆ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ထို တိုက်ပွဲအတွင်း အုတ်တွင်းမြို့နယ် ပကဖ မှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရဲဘော်ဝမ်ချိုင်းသည် စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရေးနှင့် ဖယ်ဖရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ ၊ မြို့စိုးတံတားအနီးရှိ ရေအိုးစဉ် ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရာက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အုတ်တွင်းမြို့နယ် ပကဖ ၊ တပ်ရင်း ၃၅၀၂ ၊ Delta One Drone force ၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Eagle’s Power Arms Drone အဖွဲ့နှင့် Federal Peacock Drone တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ယနေ့ မွန်းလွဲ ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာသွားပြီး ရေအိုးစဉ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ သပြေညွှန့် အကြမ်းဖက် စစ်တပ် အထိုင်စခန်းကိုလည်း PDF အထူးကွန်မန်ဒိုတပ်ရင်း P29914၊ KNLA တပ်မဟာ ၂ ၊ KNLA တပ်မဟာ ၃ ၊ ယောနသံ Drone Force တို့က ပူးပေါင်း သိမ်းပိုက်မှု အတွင်း အုတ်တွင်းမြို့နယ် ပကဖ က အကြမ်းဖက် စစ်တပ်၏ စစ်ကူ စစ်ကြောင်းများကို ဖြတ်တောက်တိုက်ရေး၍ ပူးပေါင်း ပါဝင်ခဲ့ကြောင်း အုတ်တွင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article