29 C
Yangon

နွားထိုးကြီး၊ ဝက်လူးရဲစခန်းမှ အင်အား ၂၀၀ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့်ဗိုလ်ကြီးအောင်ကိုကို အပါအဝင် ၁၄ ဦး ဖမ်းမိ၊ လက်နက် ၄၄ လက်နှင့်ခဲယမ်းများ ရရှိ

Must read

နွားထိုးကြီး၊ ဝက်လူးရဲစခန်းမှ အင်အား ၂၀၀ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့်ဗိုလ်ကြီးအောင်ကိုကို အပါအဝင် ၁၄ ဦး ဖမ်းမိ၊ လက်နက် ၄၄ လက်နှင့်ခဲယမ်းများ ရရှိ

ရန်ကုန်၊ မတ် ၁၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့်ဗိုလ်ကြီးအောင်ကိုကို အပါအဝင် ၁၄ ဦး ဖမ်းဆီးရရှိကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

မတ်လ ၉ ရက်နေ့ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသော တပ်မ-၁၀၁ လက်အောက်ခံ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀၊ နွားထိုးကြီးမြို့နယ် ပကဖ နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့က ကျတွင်းဘိုးရွာ အနောက်တောင်ဘက်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါအဝင် စစ်သား ၁၄ ဦး ဖမ်းဆီးရမိကြောင် သိရှိရသည်။

စစ်ကောင်စီထံမှ လက်နက် ၄၄ လက် သိမ်းဆည်းရရှိရာတွင် MA-1 ၁၉ လက်၊ MA-2 ၂ လက်၊ MA-3 ၇ လက်၊ MA-5 ၂ လက်၊ MA-11 ၇ လက်၊ MA-12 ၁ လက်၊ G-3 ၂ လက်၊ G-4 ၁ လက်၊ ၆၀ မမ ပြောင်းတို ၂ လက်၊ ၈၁ မမ စိန်ပြောင်း ၁ လက် ၊ 5.56 ကျည် ၁၂၀၀၀ တောင့်၊ 7.62 ကျည် ၁၀၄၅ တောင့်၊ ၉ မမ ကျည် ၁၉ တောင့်၊ ၆၀ မမ ကျည် ၂၈ လုံး၊ ၈၁ မမ ကျည် ၇ လုံး၊ RPG ကျည်အဖူး ၇ လုံး၊ RPG ပို့ကျည် ၈ တောင့်၊ အီနာဂါ ၂၁ လုံး၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၁၁ လုံး၊ Laptop ၂ လုံး၊ ဆက်သွယ်ရေးစက် ၂ လုံး သိမ်းဆည်းရမိကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်ဆောင်ခဲ့ပြီး နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article