32 C
Yangon

ကျောက်ပန်းတောင်းတွင် လူငယ်များကို အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း ပစ်ခတ်ခံရပြီးသေဆုံး

Must read

ကျောက်ပန်းတောင်းတွင် လူငယ်များကို အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ မတ် ၁၁

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းတွင် လူငယ်များကို အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Popa Production & Guerilla Force – PPGF တပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတွင် အခြေစိုက်သော အမှတ် ၇၈ ခြေလျင်တပ်ရင်းမှ ပြန်လာသည့် ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း (ခေါ်) ငချွန် ကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ကျော်ဆန်းဝင်းသည် လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ကျေးရွာလျှပ်စစ်မီး ရန်ပုံငွေများကို အတင်းအဓမ္မ ကောက်ခံသိမ်းယူခြင်း၊ တော်လှန်ရေးရဲဘော်များနှင့် ဆက်စပ်သူများကို အကြမ်းဖက် စစ်တပ်ထံ သတင်းပေးတိုင်ကြား ဖမ်းဆီးခိုင်းခြင်းများကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” သူ့အိတ်ထဲက မှတ်ပုံတင်ကဒ် နဲ့ ယာဉ်မောင်းလိုင်စင် သိမ်းဆည်းရရှိတယ်။ ကျောက်ပန်းတောင်း ၇၈ တပ်ရင်းက အပြန်ကို စောင့်ပြီး တိုက်ခိုက်ခဲ့တာ သူနဲ့အပေါင်းအပါတွေ သတိကြီးကြီးထားပါလို့ပဲ ပြောချင်ပါတယ်” ဟု Popa Production & Guerilla Force – PPGF တပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Popa Production & Guerilla Force – PPGF တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article