29 C
Yangon

ကရင်တိုင်းရင်းသား ပြည်သူများက သံလွင်မြစ်ပေါ်တွင် စစ်ကောင်စီက တည်ဆောက်မည့် ဟတ်ကြီး ရေကာတာကို ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှား

Must read

ကရင်တိုင်းရင်းသား ပြည်သူများက သံလွင်မြစ်ပေါ်တွင် စစ်ကောင်စီက တည်ဆောက်မည့် ဟတ်ကြီး ရေကာတာကို ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှား

ရန်ကုန်၊ မတ် ၁၄

ကရင်တိုင်းရင်းသား ပြည်သူများက သံလွင်မြစ်ပေါ်တွင် စစ်ကောင်စီက တည်ဆောက်မည့် ဟတ်ကြီး ရေကာတာကို ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားကြကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မတ်လ ၁၄ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့တွင် KNU အုပ်ချုပ်မှုနယ်မြေ မူတြော်ခရိုင် နှင့် ဖားအံခရိုင် နယ်ခြား သံလွင်မြစ်နှင့် သောင်ရင်းမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံတွင် စစ်ကောင်စီက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေကာတာကို ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ဆန္ဒပြလှုပ်ရှားကြကြောင်း ဟတ်ကြီး ရေကာ တာ ဆန့်ကျင်ရေးလှုပ်ရှားမှု၌ မူတြော်ခရိုင် တာဝန်ရှိသူများ၊ Karen Rivers Watch (KRW)၊ Karen Environmental and Social Action Network (KESAN)၊ Karen Women Organization (KWO)၊ Salween Peace Park၊ Karen Student Network Group (KSNG) အပါဝင် ကော်သူးလေဒေသအတွင်းနှင့် ထိုင်းနိုင်ငံရှိ အရပ်ဖက်အဖွဲ့ အစည်းများပါ တက်ကြွစွာ ပါဝင်လုပ်ဆောင် ခဲ့ကြကြောင်း သိရှိရသည်။

“ သံလွင်မြစ် ဖြစ်ဖြစ် သောင်ရင်းမြစ်ဖြစ်ဖြစ် ဒီမြစ်တွေဟာ ကျတော်တို့ ဘိုးဘွားအစဉ်အဆက် လှုပ်ရှား နေထိုင်တဲ့ နေရာတွေဖြစ်တယ်၊ သံလွင်မြစ်ဟာ ကျတော်တို့ ဌာနေတိုင်းရင်းသား ပြည်သူ လူထုရဲ့ အဓိက မှီခိုအားထားနေရတဲ့ အသက်သွေးကြောဖြစ်တယ်၊ ဒီမြစ်ဘေးတစ်လျှောက် နေထိုင် ကြတဲ့ပြည်သူတွေအနေနဲ့ ဒီမြစ်ကို မှီခိုပြီးတော့ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်စားသောက်နေကြရတယ်၊ အဲ့ဒါကြောင့် ဒီ ရေကာတာစီမံကိန်း ဖြစ်လာခဲ့မယ် ဆိုရင် ထိုင်း၊ တရုတ်နဲ့ မြန်မာနိုင်ငံက အစိုးရတွေဘဲ အကျိုး အမြတ်ရရှိမှာဖြစ်ပြီး ဒေသခံ ပြည်သူ လူထုတွေရဲ့ နေထိုင်စားသောက်ရာ နေရာတွေဘဲပျက်စီးရမှာဖြစ်တယ်” ဟုဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုအခမ်းအနား၌ မူတြော်ခရိုင်တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုအခမ်းအနား သို့ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံ အာဏာပိုင်များ၊ ကော်သူးလေဒေသအတွင်းရှိ ပြည်သူ လူထုများနှင့် ထိုင်းနိုင်ငံမှ ပြည်သူလူထု စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article