37 C
Yangon

နွားထိုးကြီးတွင် စစ်မှုထမ်း တပ်သားသစ် ၄ ဦးက သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

နွားထိုးကြီးတွင် စစ်မှုထမ်း တပ်သားသစ် ၄ ဦးက သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ မတ် ၁၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၅ နှင့် အပတ်စဉ် ၇ မှ တပ်သားသစ် ၄ ဦးက သေ နတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Natogyi People Defense Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ဒုတိယပတ်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၅၃ တပ်ရင်း နှင့် ခလရ ၁၁၃ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၅ နှင့် အပတ်စဉ် ၇ မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော တပ်သား စောအောင်မင်းထွန်း ၊ တပ်သား ဝေယံစိုး ၊ တပ်သား သီဟအောင် နှင့် တပ်သားစိုင်းထွဋ်ခေါင် တို့ မြင်းခြံခရိုင် အမှတ် ၄-၁ဝ တပ်ရင်း Natogyi People Defense Force (NPDF) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် MA-1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု နှင့် 5.56 ကျည် ၁၀၀ တောင့် ယူဆောင်လာခဲ့ကြောင်း၊ အဆိုပါ အလင်းဝင်လာသူ ၄ ဦးကို Natogyi People Defense Force (NPDF) မှ နွေးထွေးစွာ ကြိုဆိုပြီး လက်နက်ခဲယမ်းများပါ ယူဆောင်လာနိုင်ခဲ့သည့်အတွက် ဆုချီးမြှင့်ငွေပါ ပေးအပ်ထားပြီး ၄င်းတို့၏ ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

“အခုတော်တော်များများက စစ်မှုထမ်း အပတ်စဉ်တွေမှာ ပေါ်တာဆွဲပြီး ပါသွားတဲ့သူတွေရှိတယ်။ တချို့ကျတော့ မိသားစုနဲ့ အကြပ်ကိုင်ပြီးတော့မှ ဖမ်းဆီးခံရတဲ့ ရဲဘော်တွေရှိတယ်ပေါ့။ ကျနော်တို့ မြင်ခြံခရိုင်ဘက်မှာပဲဖြစ်ဖြစ် တခြားတိုင်းရင်းသား ဒေသဘက်တွေမှာပဲ ဖြစ်ဖြစ် စစ်ကောင်စီက စစ်မြေပြင်တွေကို တွန်းပို့တဲ့ အခါကျရင် စစ်မှုထမ်း ရဲဘော်တွေကော တခြား စစ်အာဏာရှင် လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ ရဲဘော်တွေကော ပြည်သူနဲ့ အတူတူ ပြည်သူ့ရင်ခွင်ကို ခိုလှုံကျဖို့တော့ ကျနော်တို့ ရဲဘော်တွေဆီမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တပ်ရင်း တပ်ဖွဲ့တွေဆီမှာ လာပြီး အလင်းဝင် ခိုလှုံကျပါလို့ ကျနော်တို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ ဆုကြေးငွေတွေနဲ့ အတူ တခြား ကျနော်တို့ တက်နိုင်တဲ့ဘက်ကနေ လုပ်ပေးနေတာတွေရှိပါတယ်” ဟု Natogyi People Defense Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article