ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မြစ်သာဆည်ပေါ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိသူ မရှိဘဲ ပျက်စီးမှု တချို့ ရှိကြောင်း သိရှိရသည်။
“တိုက်ပွဲ မရှိပါဘူး။ ဒီနေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်လောက်က ကျဲချသွားတာ မြစ်သာဆည်ပေါ်ကို လူထိခိုက်မှုတော့မရှိဘူး။ ပျက်စီးမှု အချို့တော့ ရှိတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။



