36 C
Yangon

ညောင်ကျိုး တိုက်ပွဲတွင် စစ်ကောင်စီ၏ လေတပ်က ဗုံးမှားကျဲချသဖြင့် စစ်သား အများအပြားသေဆုံးခဲ့ရပြီး ယခုအချိန်အထိ တိုက်ပွဲ အတွင်း သေဆုံးသူ စစ်သား ၁၂၀ ကျော်ရှိဟု အလင်း ဝင်လာသည့် စစ်မှုထမ်းတပ်သား နန်းလင်းသူ ပြောဆို

Must read

ညောင်ကျိုး တိုက်ပွဲတွင် စစ်ကောင်စီ၏ လေတပ်က ဗုံးမှားကျဲချသဖြင့် စစ်သား အများအပြားသေဆုံးခဲ့ရပြီး ယခုအချိန်အထိ တိုက်ပွဲ အတွင်း သေဆုံးသူ စစ်သား ၁၂၀ ကျော်ရှိဟု အလင်း ဝင်လာသည့် စစ်မှုထမ်းတပ်သား နန်းလင်းသူ ပြောဆို

ရန်ကုန်၊ မတ် ၁၈

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး တိုက်ပွဲသို့ ပို့ဆောင်ခံရသော စစ်မှု ထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် နန်းလင်းသူက အုတ်ဖိုရှိ တော် လှန်ရေးတပ်ထံသို့ အလင်းဝင်လာပြီးနောက် ၎င်း ပါဝင်ခဲ့ရသည့် ညောင်ကျိုး တိုက်ပွဲတွင် စစ်ကောင်စီ၏ လေတပ်က ဗုံးမှားကျဲချသဖြင့် စစ်သား အများ အပြား သေဆုံးခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုသည်။

ပဲခူးတိုင်း၊ ညောင်ကျိုး တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်၏ လေယာဉ်များက မှားယွင်း ဗုံးကျဲမှု နှင့် AA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၁၂၀ ကျော် သေဆုံးခဲ့ကြောင်း၊ ကျန်ရှိနေသော တပ်သားများ အားလုံးမှာလည်း တပ်ပျက်၍ ထွက်ပြေးကြကြောင်း၊ စစ်မှုထမ်းတပ်သားသစ် ကိုနန်းလင်းသူကမူ ထွက်ပြေးစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ အလင်း ဝင်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်မှုထမ်းတပ်သားသစ် နန်းလင်းသူသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ရေပြန်စိန်ရိုးကြီးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကို ခံရပြီး ခမရ ၆ တိမ်မြုပ်တပ်အတွင်းသို့ ခေါ်ဆောင်ခံခဲ့ရကြောင်း၊ ထိုမှ တစ်ဆင့် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ အမှတ် ၄ တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ခံခဲ့ရကာ စစ်မှုထမ်း အပတ်စဥ် ၆ သင်တန်း တက်ရောက်ခဲ့ရကြောင်း သိရသည်။

ထိုသို့ စစ်မှုထမ်း သင်တန်းတက်ရောက်ပြီးနောက် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ နယ်၊ နတ်သံကွင်း ရှေ့တန်းစခန်းကို ပို့ဆောင်ခံရကြောင်း၊ ထိုမှ တဆင့် ညောင်ကျိုးစခန်းကို ပို့ဆောင်ခံရကြောင်း၊ မတ်လ ၁၆ ရက်နေ့တွင် ကိုနန်းလင်းသူသည် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖိုထံသို့ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များနှင့် ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်ကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သူက ထုတ်ဖော်ပြောဆိုသည်။

“သူက ရေပြန်စိန်ရိုးကြီးရွာကနေ ကားမောင်းပြီး ရွာအထွက်မှာ ကားကို စစ်ခွေးတွေက ချောဆွဲတော့ သူပါပါသွားတယ်။ နောက်တော့လူကိုပါ ပေါ်တာဆွဲပြီး ခမရ ၆ တိမ်မြုပ်ကိုပို့လိုက်တယ်။ အဲ့ကနေ ဝဲကလိမှာ စစ်သင်တန်း ၃ လတက်ပြီး နတ်သံကွင်းက ရှေ့တန်းကို တန်းပို့တာ။ နတ်သံကွင်းက ရှေ့တန်းမှာ ထွက်ပြေးဖို့လုပ်တာ မိုင်းကွင်းတွေကြောင့် အဆင်မပြေလို့ ထွက်မပြေးခဲ့ရဘူး။ နတ်သံကွင်းက ရခိုင်ကို သွားရမယ်ဆိုပြီး ညွှန်ကြားလာလို့ တောင်ငူတပ်မှာ လက်နက်ခဲယမ်းတွေ ဖြည့်ဖို့လုပ်တော့ ထွက်ပြေးတာ။ သာယာဝတီ မီးနင်းချောင်းဂိတ်မှာ ပြန်ဖမ်းခံရပြီး ပြည်စစ်တပ်မှာ အချုပ်ချခံရတယ်။ စစ်ခွေးတွေက အချုပ်ကနေ ပြန်လွှတ်ပေးပြီး ညောင်ကျိုးကို ထပ်ပို့တယ်။ ညောင်ကျိုး တိုက်ပွဲမှာ AA တိုက်လို့သေတာထက် လေတပ်က ဗုံးမှားကျဲ လို့သေတာပိုများတယ်လို့ ပြောတယ်။ စစ်ခွေး ၁၂၀ ကျော်လောက် သေတယ်လို့ အလင်းဝင်လာတဲ့ ကိုနန်းလင်းသူကပြောတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အပါအဝင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်း နေရသည့် စစ်မှုထမ်း တပ်သားသစ်များအနေဖြင့် အမြန်ဆုံး အလင်းဝင်ကြရန်နှင့် တော် လှန်ရေး တပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာပါက ထိုက်ထိုက် တန်တန် ဆုချီးမြင့်သွားမည်ဖြစ် ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article