28 C
Yangon

မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်ရှိ စစ်တပ်က အတင်းအဓမ္မ သိမ်းယူထားသော မြေများကို အကွက်ရိုက်၍ ပြန်လည် ရောင်းချနေ

Must read

မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်ရှိ စစ်တပ်က အတင်းအဓမ္မ သိမ်းယူထားသော မြေများကို အကွက်ရိုက်၍ ပြန်လည် ရောင်းချနေ

ရန်ကုန်၊ မတ် ၂၁

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ သိမ်းယူထားသော မြေများကို အကွက်ရိုက်၍ ပြန်လည် ရောင်းချနေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက သာယာအေးရပ်ကွက်ရှိ နေအိမ်များနှင့် လယ်ယာမြေများကို ကျူးကျော်ဟုဆိုကာ ဖျက်သိမ်းရန် ညွှန်ကြားခဲ့ပြီးနောက် ဇန်နဝါရီလ ၂၆ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ပြည်သူပိုင်နေအိမ်များကို ဘက်ဟိုးများဖြင့် အင်အားသုံးဖြိုဖျက်ခဲ့ပြီး ပြည်သူပိုင် လယ်ယာမြေနေရာများကိုလည်း သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အဆိုပါ မြေနေရာများကို အကြမ်းဖက် စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် အောင်ကြည်သိန်း နှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ၊ ပြည်နယ်စည်ပင်ဌာန နှင့် ခရိုနီသူဌေး ငွေမိုးမိုးကျော် အပါအဝင် လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်းကာ စည်ပင်ပိုင်မြေဟု ပြောဆိုပြီး ပေ ၄၀ x ၆၀ တစ်ကွက်လျှင် ငွေကျပ် သိန်း ၁၄၀၀ ဖြင့် ပြန်လည် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

“လယ်ရှင်တွေကို တွေ့ဆုံတာမရှိဘူး။ အကြာင်းကြားတာလည်းမရှိဘူး။ စည်ပင်ပိုင်မြေဆိုပြီး မင်းမဲ့ စရိုက်ဆန်ဆန် လုပ်နေတာပါ၊ အခုက လမ်းဖို့ပြီး ကြိုပွိုင့် ဝယ်ယူလို့ရနေပါပြီ။ လယ်သမားတွေက ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာတဲ့သူတွေပါ။ ဘယ်နေရာကို တိုင်ရမမှန်းလည်း မသိတော့ဘူး။ လယ် သမားတွေကို ပိုင်ဆိုင်မှုတွေ စွန့်လွတ်ရလိုဖြစ်နေပါတယ်။ လယ်သမားတွေက ပြေစာရော ၊ အခွန် ရော အကုန်ဆောင်ထားပါတယ်။ အိမ်ခြေတွေက အိမ်ဂရန်ရှိတဲ့အိမ်တွေလည်းရှိပါတယ်။ တချို့တွေ ကလည်း စစ်ဘေးရှောင်တွေနေနေတာပါ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းမြေနေရာများကို ဝန်ကြီးအဆက်ဆက်က နည်းမျိုးစုံဖြင့် သိမ်းယူရန် ကြိုးစားခဲ့သော်လည်း လယ်သမားများက ပိုင်ဆိုင်မှုအထောက်အထားများဖြင့် တင်ပြတောင်းဆိုခဲ့၍ သိမ်းယူခံရခြင်းမရှိဘဲ ရပ်ဆိုင်းသွားခဲ့ သည့်မြေနေရာများဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ပိုင်ရှင်များက အထောက်အထားအပြည့်အစုံဖြင့် ဌာနဆိုင်ရာများကို အသနားခံစာ တင်ပြခဲ့ကြသော်လည်း မည်သည့်ဌာနကမှ တာဝန်ယူ၊ တာဝန်ခံခြင်းမရှိ ကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article