28 C
Yangon

စလင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး စေတီပုထိုးများ ပျက်စီး

Must read

စလင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး စေတီပုထိုးများ ပျက်စီး

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး စေတီပုထိုးများ ပျက်စီးခဲ့ကြောင်း စလင်းမြို့နယ် ပအဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၃၀၀ နှင့် ပေါင် ၅၀၀ ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းအတွင်းရှိ ပြည်သူ ၃ ဦးထိမှန်ကာ ၁ ဦးသေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်း အနီးဝန်းကျင်ရှိ နေအိမ် ၁ လုံးမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးသည်လည်း ခြေထောက်တွင် ဗုံးဆ ထိမှန်ကာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကင်မွန်းခြုံ ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ခွေးတွေက ဗုံးသီး ကျဲချ တိုက်ခိုက်သွားတာပါ။ ကျောင်းက ကပ္ပိယ ကြီး ၃ ဦးထိခိုက် ဒဏ်ရာရတယ်။ ၁ ဦး သေဆုံးတယ်။ နောက်ပြီး ကျောင်းအနီးမှာရှိတဲ့ နေအိမ် ၁ အိမ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးလည်း ခြေထောက်မှာ ဗုံးဆထိမှန်ပြီး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ အဲရွာလေးက စစ်ခွေးတွ မီးရှို့သွားလို့ ပြောင်းဖူးစေ့နဲ့

ဆန်ကွဲပဲ စားခဲ့ရတဲ့ရွာကလေးပါ” ဟု စလင်းမြို့နယ် ပအဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ကင်မွန်းခြုံကျေးရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article