35 C
Yangon

AA နှင့်စစ်တပ် တိုက်ပွဲများဖြစ်ပွားနေသော လေးမျက်နှာမြို့နယ်၊ တုံးတောကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုန်းကြီး ကျောင်းမီးလောင်ပျက်စီး

Must read

AA နှင့်စစ်တပ် တိုက်ပွဲများဖြစ်ပွားနေသော လေးမျက်နှာမြို့နယ်၊ တုံးတောကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုန်းကြီး ကျောင်းမီးလောင်ပျက်စီး

ရန်ကုန်၊ မတ်လ ၂၂

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ တုံးတောကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၉ ရက် ည ၁၁ နာရီခန့်က လေးမျက်နှာမြို့နယ်၊ တုံးတောကျေးရွာကို အကြမ်းဖက်စစ် ကောင်စီတပ် မှ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တုံးတောကျေးရွာ ဘုန်းကြီးကျောင်းမီး လောင်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုရှိ၊ မရှိနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“အပြည့်အစုံတော့မသိရသေးဘူး။ ဗုံးကျဲချခံရလို့ မီးလောင်သွားတာပဲ သိရသေးတယ်။ ဒေသနေ ပြည်သူတွေအတွက်တော့ စိုးရိမ်စရာအခြေအနေတစ်ခုပါ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၈ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းဘေးရှိ ဝတ်ကုန်းကျေးရွာနှင့် တောရွာကျေးရွာအကြားသို့ စစ်ကောာင်စီတပ်၏ လေယာဉ်များက ဗုံးမျာ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချသည့်နေရာမှာ လူနေထိုင်ခြင်းမရှိသည့်နေရာဖြစ်သည့်အတွက် ထိခိုက်တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၇ ရက်နေ့မှ စတင်၍ လေးမျက်နှာမြို့နယ်၊ ဝတ်ကုန်းကျေးရွာအုပ်စုရှိ ဝတ်ကုန်းရွာ၊ လဲခုံလေးရွာ၊ လဲခုံကြီးရွာ၊ စက်စက်ယိုရွာ၊ ချင်းလယ်ရွာနှင့် စန်းကုန်းရွာတို့တွင် အကြမ်းဖက် စစ်တပ်နှင့် AA တို့ တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ ယနေ့ချိန်ထိ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးသူများပြားကာ သေဆုံးသူများကို အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ ပုသိမ်-မုံရွာ လမ်းမကြီးဘေးရှိ အုတ်တွင်းကုန်းကျေးရွာ မီးသဂြိုလ်စက်သို့ ပို့ဆောင် သဂြိုလ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article