38 C
Yangon

စစ်ကိုင်းမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ကားကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

Must read

စစ်ကိုင်းမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ကားကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၁ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းမြို့ပေါ်ရှိ ရွှေမင်းဝံ ၊ ပတ္တမြား ၊ နီလာဦးရပ်ကွက်တို့ မှ ပျူစောထီးများသည် ကား တစ်စီးဖြင့် စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်းမပေါ်တွင်ကင်းပတ်နေစဉ် ဆွမ်း ချက်ရပ်စာသင်ကျောင်းအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားရှေ့ပိုင်းထိမှန်ခဲ့ပြီး ကားပေါ်ပါ ပျူ စောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ကားပေါ်မှာက ပျူစောထီး ၅ ယောက် ၆ ယောက်လောက်ပါမယ်။ ဆွဲတုန်းကတော့ တစ်စီးတည်းပဲ၊ ခနနေတော့ နောက်ကနေ ကား ၂ စီးထပ်ရောက်လာတယ်။ အသေအပျောက်ကတော့ ရှိနိုင်တယ်။ အတိအကျသိရဖို့ကတော့ ကျနော်တို့လည်း စုံစမ်းနေတုန်းပါပဲ၊ ထိမှန်တဲ့ ကားအင်ဂျင်အဖုံးကတော့ မိုင်းဆွဲတဲ့နေရာမှာ ကျကျန်နေခဲ့တယ်” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

ဓာတ်ပုံ- ရှမ်းမြောက်တွင် မိုင်းဆွဲခံထားရသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article