တောင်ကိုရီးယားနိုင်ငံ ဂူမိမြို့နှင့် ဒယ်ဂူးမြို့များတွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ဆန္ဒပြ
တောင်ကိုရီးယားနိုင်ငံ ဂူမိမြို့နှင့် ဒယ်ဂူးမြို့များတွင် စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ဆန္ဒပြပွဲနှင့် စစ်ရှောင်ပြည်သူများကို ထောက်ပို့ရေး လှူဒါန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဆန္ဒပြပွဲတွင် တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းနှင့် ကိုရီးယားရောက် မြန်မာများကဒုတိယအကြိမ်မြောက်ကိုရီးယားဝမ် ၇ သိန်း( မြန်မာကျပ်သိန်း ၂၀ )ကို စစ်တောင်းကမ်ပိန်းအတွက်ထောက်ပို့ခဲ့ပြီး စစ်ရှောင်ပြည်သူများကို စောင့်ရှောက်လှူဒါန်းပေးရန်၊ အာဏာရှင်စနစ်ဆိုးက လွတ်မြောက်သည့်အထိ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနှင့် စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ညီညီညွတ်ညွတ်ဆက်လက်ကြိုးစားပေးရန် ဒယ်ဂူးဘုန်းဘုန်းက မေတ္တာရပ်ခံပြောကြားခဲ့ကြောင်း သိရှိရသည်။


