ပခုက္ကူမြို့နယ်၊ အင်ပင်ရွာ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Pakokku People Defense Force PPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ အင်ပင် ကျေးရွာ စစ်တပ် အထိုင်စခန်းကို အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ ထပ်မံ အင်အားတိုး ရောက်ရှိလာသောကြောင့် Pakokku People Defense Force (PPDF) အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် စခန်းမှ ဘန်ကာများနှင့် အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့ပြီး နောက်ဆက်တွဲ ထိခိုက်မှုများကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှုသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ထိခိုက် သေဆုံးမှုတော့ရှိတယ်။ သေဆုံးစာရင်းကို ဆက်လက် စုံစမ်းနေပါတယ်” ဟု Pakokku People Defense Force PPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Pakokku People Defense Force (PPDF) နှင့်အတူ Young Force – UG ၊ Burma Revolution Rangers ( BRR ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
