26.5 C
Yangon

ရေဖြူ၊ ရေး-ထားဝယ်လမ်းတွင် လမ်းကင်း ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၂၀ ကျော်သေဆုံးပြီး RPG ၁ လက် အပါအဝင် လက်နက် ၅ လက်သိမ်းဆည်းရရှိ

Must read

ရေဖြူ၊ ရေး-ထားဝယ်လမ်းတွင် လမ်းကင်း ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၂၀ ကျော်သေဆုံးပြီး RPG ၁ လက် အပါအဝင် လက်နက် ၅ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်း တွင် လမ်း ကင်းထွက်လာသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သား ၂၀ ကျော် သေဆုံးပြီး RPG ၁ လက်အပါအဝင် လက် နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရက စစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ရေဖြူမြို့နယ်၊ ညင်းထွေးရွာ နှင့် ကျောက်ကညှာရွာ အကြား ရေး-ထားဝယ်အမှတ် ၈ ပြည်ထောင်စုလမ်း မကြီးတစ်လျှောက်တွင် လမ်းကင်း ထွက်လာ သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဒူရကစစ်ကြောင်း၏ ရဲဘော်များက ကြားဖြတ်ဝင်ရောက် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် စစ်သား ၂၀ ကျော်သေဆုံး ပြီး အများအပြား ဒဏ်ရာရရှိကာ RPG 7 အမျိုးအစား လက်နက် ၁ လက်၊ MA4 အမျိုးအစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက်၊ MA1 အမျိုးအစား သေနတ်၂ လက် နှင့် ဆက်စပ် ပစ္စည်း အချို့ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်တပ်က လက်နက်ကြီး ပစ်ကူအများအပြားနှင့် Paramotor တစ်စီးဖြင့် ပစ်ကူ ပေးခဲ့ကြောင်း သိရသည်။

“အင်အားက ၁၅၀ ကနေ ၂၀၀ နီးပါးရှိပါတယ်။ အမတ ၃၀၄ ကျောက်ကညာ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးသလို ထားဝယ်မြို့ဘက်ကနေ စက်တပ် လေထီးတက်လာပြီး ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်” ဟု ဒူရက စစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ထိုတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့မှ ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သော ကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြပါရန် နှင့် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ရှိ နိုင် သောကြောင့် လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကြရန် မေတ္တာရပ်ခံတိုက် တွန်းထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရား ဘက် ရပ်တည်လို သောစစ်ကောင် စီတပ်မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန် ဆုံး ပူးပေါင်းပေးရန် တိုက်တွန်းဖိတ်ခေါ်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article