28 C
Yangon

ပခုက္ကူမြို့မှ ပခန်းမြို့သို့ လာသည့် စစ်တပ် စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု တပ်ကြပ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၄ ဦးထက်မနည်းသေဆုံး

Must read

ပခုက္ကူမြို့မှ ပခန်းမြို့သို့ လာသည့် စစ်တပ် စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု တပ်ကြပ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၄ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ မတ် ၂၅

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ပခန်းမြို့သို့ လာသည့် စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၂ ဦးအပါအဝင် ၁၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန် ပခုက္ကူမြို့မှ ပခန်းမြို့သို့ ထွက်လာသည့် အင်အား ၂၀ ဦး ကျော်ပါ ဂျန်ပါတပ်ဆင်ထားသော ရှေ့ပြေးကား ၁ စီးကို ပခုက္ကူ -ရေစကြိုလမ်းပိုင်းတနေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်သား ၁၄ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ ယင်းသေဆုံးသူများတွင် တပ်မ ၁၀၁ မှ တပ်ကြပ်ကြီး နိုင်လင်း၊ ခလရ ၂၃၅ တပ်ရင်းမှ တပ်ကြပ်ကြီးနေဝင်း ၊ ခလရ ၂၅၉ တပ်ရင်းမှ တပ်သား ၂ ဦးနှင့် မကွေးတိုင်းလှုပ်ရှားရဲတပ်ဖွဲ့မှ ရဲ ၁၀ ဦး ကျော်တို့ပါဝင်ကြောင်း သိရသည်။

“ကားကို တင့်ဖျက်အာပီဂျီနဲ့ ရှေ့တည့်တည့်ကနေပစ်တာ၊ ကားထဲကို ဖောက်ဝင်ပြီး နောက်ခန်းထဲမှာ ပေါက်ကွဲတယ်။ ပြီးတော့ ၄၀ မမ ဗုံး ၃ လုံးလည်း ကားထဲကို ကွက်တိကျအောင် ပစ်ထည့်နိုင်ခဲ့ တယ်။ ပြီးတော့ လက် နက်ငယ်တွေနဲ့ပါ ဝိုင်းပစ်ခဲ့တာ၊ ကားကို စီးနင်းပြီး သိမ်းပိုက်ဖို့လုပ်တဲ့အချိန်မှာ ကျနော်တို့တပ်ဖွဲ့ရဲ့ စစ်ကြောင်းမှူး လက်နက် error တက်ပြီး ထိခိုက်ဒဏ်ရာရရှိသွားလို့ လူ့အသက် ထက်ဘာမှ တန်ဖိုးမရှိဘူးဆိုပြီး ပြန်ဆုတ်လာခဲ့လိုက်တာ။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသွားသော စစ်သား၊ ရဲများ၏ အလောင်းများကို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များထံ သယ် ဆောင်သွားပြီး မကွေးတိုင်းလှုပ်ရှားရဲတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို အနီးအနားရှိ လေယာဉ် ကွင်းဂိတ်စခန်းသို့ သယ်ဆောင်ကာ သယ်ဂြိုလ်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၏ နတ်မိကျောင်းစစ်ဆင်ရေးက ဦးစီးကာ Southern Local တပ်ပေါင်းစု ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်ကြောင်းမှူးသည်လည်း သက်သာလာပြီဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article