28 C
Yangon

ပြည်မြို့၊ အုန်းတောလမ်းတွင် ဗိုလ်မှူးအောင်မိုးသူ ရောက်ရှိနေမှုကို PDF နှင့် AA တပ်ဖွဲ့ဝင်များ ရောက်လာသည်ဟု သတင်းမှားပေးမှုကြောင့် အချင်းချင်းမှားယွင်းပစ်ခတ်ပြီး ဗိုလ်မှူး အောင်မိုးသူ သေဆုံး

Must read

ပြည်မြို့၊ အုန်းတောလမ်းတွင် ဗိုလ်မှူးအောင်မိုးသူ ရောက်ရှိနေမှုကို PDF နှင့် AA တပ်ဖွဲ့ဝင်များ ရောက်လာသည်ဟု သတင်းမှားပေးမှုကြောင့် အချင်းချင်းမှားယွင်းပစ်ခတ်ပြီး ဗိုလ်မှူး အောင်မိုးသူ သေဆုံး

ရန်ကုန်၊ မတ် ၂၅

ပဲခူးတိုင်း၊ ပြည်မြို့၊ အုန်းတောလမ်းတွင် ဗိုလ်မှူးအောင်မိုးသူ ရောက်ရှိနေမှုကို PDF နှင့် AA တပ်ဖွဲ့ဝင်များ ရောက်လာသည်ဟု သတင်းမှားပေးမှုကြောင့် အချင်းချင်းမှားယွင်းပစ်ခတ်ပြီး ဗိုလ်မှူး အောင်မိုးသူ သေဆုံးသွားကြောင်းဒေသ စစ်ရေး သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၁ နာရီခန့်အချိန် ပြည်မြို့၊ အုန်းတောလမ်းအတွင်းရှိ နေအိမ် ၁ လုံးတွင် AA နှင့် PDF တပ်ဖွဲ့များ ဝင်ရောက် တည်းခိုနေသည် ဆိုသော သတင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပစ်ခတ်မှု အတွင်း အဆိုပါ နေရာတွင် ရောက်ရှိနေသည့် နတ်တလင်းမြို့နယ်၊ လှေကြပ်ကုန်းအုပ်စု၊ ရွာမရွာသား ဗိုလ်မှူး အောင်မိုးသူကို စစ်ကောင်စီ တပ်သားများက မှားယွင်း ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“သတင်းမှား ပေးခံရတာလို့ သိရတယ်။ အိမ်ထဲမှာ စစ်တပ် ဗိုလ်မှူးက ရှိနေတာကို AA နဲ့ PDF တွေ အဲဒီအိမ်ထဲမှာ ရောက်နေတယ်ဆိုပြီး သတင်းမှားပေးလို့ ဝင်စီးပြီး ပစ်ခတ်တာလို့ သိရတယ်။ ဗိုလ်မှူးအောင်မျိုးသူက ပြည်ဇာတိမဟုတ်ဘူး။ နတ်တလင်းဘက်က လာတဲ့ ဗိုလ်မှူး” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ထိုသို့ မှားယွင်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အရပ်သား လူငယ် တချို့ကို ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဓာတ်ပုံ- ကရင်နီပြည်တိုက်ပွဲတွင် သေဆုံးခဲ့သော ဗိုလ်မှူးတစ်ဦး၏ ပခုံး အမှတ်တံဆိပ်။

Photo Credit- KNDF ဒုစစ်ဦးစီးချုပ် မာဝီ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article