29 C
Yangon

မြိုင်နှင့် ပေါက် မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်

Must read

မြိုင်နှင့် ပေါက် မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၆

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြာင်း အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့တွင် မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် တစ်ကြိမ် ၊ ၁၁ နာရီ ၄၂ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် နတ်သတ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ပြည်သူထိခိုက်တာတော့ မကြားမိသေးဘူး။ တိုက်ပွဲ မရှိဘူး။ ဟိုနေ့က ချတာ သေဆုံးမရှိလို့များ ထပ်ချနေသလား ထင်ရတယ်” ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူက တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မတ်လ ၂၄ ရက်ကလည်း နယ်သတ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article