28 C
Yangon

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက် ၁ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်

Must read

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက် ၁ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်

ရန်ကုန်၊ မတ် ၂၇

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး နှင့် စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNDF တပ်ရင်း ၅ က ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့တွင် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမှတ် ၅ တပ်ရင်း တာဝန် ယူထားသော ရှေ့တန်းနယ်မြေမှ စစ်ကောင်စီ တပ်သား ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် MA-1 အမျိုးအစား သေနတ် ၁ လက် နှင့် အတူ ထွက်ပြေးလာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ စိတ်ဆန္ဒအရ ဝင်ရောက်ခဲ့ခြင်းမဟုတ်ဘဲ အတင်းအဓမ္မ စုဆောင်းခံရပြီး တပ်တွင်း ရောက်လာရသူများဖြစ်ကာ စစ်ကောင်စီမှ သင်တန်း ပို့ချနေသည့် ကာလများတွင်လည်း ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြောင်း၊ သို့သော်လည်း လွတ်မြောက်ခြင်းမရှိဘဲ ရှေ့တန်းစစ်မြေပြင်သို့ အဓမ္မ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုထားသည်ဟု KNDF တပ်ရင်း ၅ က ပြောဆိုသည်။

တော်လှန်ရေး ကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီ ဘက်တွင် စစ်ဆင်ရေးများ အထိနာ၍ တပ်သား ပျောက်ဆုံးမှုများ တိုးလာခြင်း၊ လူ့စွမ်းအား ပြတ်လပ်လာခြင်း စသည့် ပြဿနာများကြောင့် မတရား ဖမ်းဆီး၍ လူသစ်စုဆောင်းမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းကို တွေ့ရှိရပြီး ထိုသို့ အတင်း အဓမ္မဖမ်းဆီးမှုများကြောင့် ထွက်ပြေး ဘတ်ပြောင်းသူများ ပိုမို များပြားလာကြောင်း သိရသည်။

ဘတ်ပြောင်း ခိုလှုံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို KNDF အမှတ် ၅ တပ်ရင်းက သက်ဆိုင်ရာ ဌာနသို့ လွှဲပြောင်း၍ လုံခြုံဘေးကင်းစွာ စောင့်ရှောက်ထားပြီး ဖြစ်ကြောင်း၊ ကျန်ရှိနေသော စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များအနေဖြင့် အာဏာရှင် စစ်ကောင်စီကို ကျောခိုင်း၍ ပြည်သူလူထုကို မျက်နှာမှုကာ လာရောက် ပူးပေါင်းကြရန် KNDF က ဖိတ်ခေါ်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article