36 C
Yangon

ပျဉ်းမနားမြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၈၆ ဦးထိရှိလာပြီး ရုပ်အလောင်း အားလုံး ဆွဲမထုတ်နိုင်သေး၊ အရေးပေါ် ကုသနေရသည့် လူနာ ၅၀၀ ခန့်ရှိ

Must read

ပျဉ်းမနားမြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၈၆ ဦးထိရှိလာပြီး ရုပ်အလောင်း အားလုံး ဆွဲမထုတ်နိုင်သေး၊ အရေးပေါ် ကုသနေရသည့် လူနာ ၅၀၀ ခန့်ရှိ

ရန်ကုန်၊ မတ် ၂၉

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၈၆ ဦးထိရှိလာပြီး ရုပ်အလောင်း အားလုံး ဆွဲမထုတ်နိုင်သေးဘဲ အရေးပေါ် ကုသနေရသည့် လူနာ ၅၀၀ ခန့်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် လှုပ်ခတ်သော မြေငလျင်ကြောင့် ပျဉ်းမနားမြို့တွင် ပျက်စီးမှု များပြားပြီး လက်ရှိချိန်ထိ ရရှိထားသော စာရင်းများ အရ သေဆုံးသူ ၈၆ ဦးထိရှိသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်ထိ အဆောက်အဦး အပျက်အစီးများထဲမှ ဆွဲမထုတ်နိုင်သေးသည့် ရုပ်အလောင်းများရှိနေသေးပြီး အရေးပေါ် ကုသနေရသည့် လူနာ ၅၀၀ ခန့်ရှိရှိကြောင်း၊ မြို့ပေါ်ရှိ ဓာတ်မီးတိုင် ၈၀ ရာခိုင်နှုန်းလောက်လဲ ပြိုကျသွားပြီး သဘာဝဘေးစီမံမှုများ လက်ရှိချိန်ထိ မရောက်ရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် ဗိုလ်ချုပ်လမ်းတွင်လည်း ပိတ်မိနေသူများရှိပြီး မြို့ခံ မီးသတ်များ၊ ကြက်ခြေနီများနှင့် ပရဟိတ အဖွဲ့များက ဆက်လက် ကယ်ဆယ်ရေးလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

“စာရင်းအရ ၈၆ယောက် ရှိပြီ သေတာ ပျဉ်းမနား တစ်မြို့လုံး လမ်းပေါ်ထွက်အိပ်နေရတယ်။ ဗိုလ်ချုပ်လမ်း တစ်လမ်းလုံးပိတ်နေတယ်။ Dead Body တွေထုတ်လို့မပြီးသေးဘူး။ ကုတင် ၂၀၀ နဲ့ ကုတင် ၁၀၀၀ မှာ အရေးပေါ်ကုနေရတာ လူ ၄၀၀ နဲ့ ၅၀၀ လောက်ရှိနေပြီလို့ သိရတယ်။ ဓာတ်မီးတိုင် ၈၀ ရာခိုင်နှုန်းလောက် ပြိုလဲထားတယ်။ မြို့ခံမီးသတ် ၊ ကြက်ခြေနီ နဲ့ ပရဟိတ အဖွဲ့တွေ ကယ်ဆယ်ရေးလုပ်နေရတယ်။ သဘာဝဘေး စီမံက ဘာမှမလာသေးပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article