29 C
Yangon

ဝမ်းတွင်းမြို့နယ်အတွင်း ငလျင်ကြောင့် သေဆုံး ၃၆ ဦး စာရင်းရရှိထားပြီး ဘုရားစေတီ၊ လမ်း၊ တံတား အပါအဝင် ထိခိုက်ပျက်စီးမှု များပြား

Must read

ဝမ်းတွင်းမြို့နယ်အတွင်း ငလျင်ကြောင့် သေဆုံး ၃၆ ဦး စာရင်းရရှိထားပြီး ဘုရားစေတီ၊ လမ်း၊ တံတား အပါအဝင် ထိခိုက်ပျက်စီးမှု များပြား

ရန်ကုန် ၊ မတ် ၂၉

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ငလျင်ကြောင့် သေဆုံးသူ ၃၆ ဦးစာရင်းရရှိထားပြီး ဘုရားစေတီ၊ လမ်း၊ တံတားအပါအဝင် ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း Voice Of Wundwin မှတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်က စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ဝမ်းတွင်းမြို့ တွင် ပြည်သူ ၁၇ ဦး၊ သဲတောမြို့တွင် ၁၀ ဦး ၊ ကျွဲသားရွာတွင် ၄ ဦး ၊ ခင်ကြီးရွာတွင် ၁ ဦး ၊ တဲစုရွာ တွင် ၁ ဦး ၊ ထီးလှိုင်ရွာတွင် ၁ ဦး၊ မြောက်ဇဂျမ်းကုန်းရွာတွင် ၂ ဦး စုစုပေါင်း သေဆုံးသူ ၃၆ ဦး စာ ရင်း ရရှိထားကြောင်း၊ ယခုရရှိထားသောစာရင်းသည် လက်ရှိကောက်ခံရရှိထားသောစာရင်သာဖြစ် ပြီး ထပ်မံတိုးလာရန်ရှိကြောင်း သိရသည်။

“သဲတော-ဝမ်းတွင်းဆိုတာက တဆက်တည်းပဲ၊ သဲတောမြို့ပေါ်မှာကတော့ ဦးသန့်ဇင်(ခ) တီးတီး၊ ဒေါ်ညိုညို ၊ ဦးညီညီ ၊ ဆရာမဒေါ်ကြည်အေးနဲ့ သူ့ယောင်းမ ၊ သစ္စာပန်းက ရွှေလုံးနဲ့အသိန်း ဒါတွေ က နာမည်နဲ့ရထားတဲ့စာရင်းပါ။ သေတာက ၁၀ ဦးလောက်ရှိတယ်။ ထပ်တိုးလာဖို့ပဲရှိတယ်၊ ဒဏ်ရာ ရတာနဲ့ အဆောက်အအုံ ပြိုကျပျက်စီးမှုက မရေတွက်နိုင်ဘူး။ မပျက်စီးတဲ့အိမ် မရှိသလောက်ပဲ၊” ဟု Voice Of Wundwin မှတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ချည်မျှင်နှင့်အထည်စက်ရုံ၊ လေးမျက်နှာရွာရှိ ဘုရားစေတီ ၊ ခင်ကြီးကျေး ရွာရှိ ရှေးဟောင်း ဘုရားစေတီအပါအဝင် လမ်းတံတားများလည်း ပြိုကျပျက်စီးသွားကြောင်း သိရ သည်။

“ချည်စက်က အကုန်ပြိုကျတာ၊ ဝမ်းတွင်းလေးမျက်နှာရွာက ဘုရားလည်းပြိုကျတယ်၊ ခင်ကြီးရှေး ဟောင်းဘုရား ၊ သဘွတ်ကုန်းဘုရား၊ ဝမ်းတွင်းအမှတ် ၃ သိတာလေးတွေပါ၊ ပျက်တာကတော့ အကုန်နီးပါးပါပဲ၊ နေရာတိုင်းမှာ ပျက်စီးတာ၊ ဖုန်းလိုင်းတွေမရသေးလို့ ၊ လမ်းတွေလည်းပျက်တယ်၊ ရန်ကုန် -မန္တလေး လမ်းဟောင်း ၊ ဝမ်းတွင်းမြို့နယ်ကို ဖြတ်တဲ့လမ်း၊ ရွှေတောင်နားမှာလည်း ပျက် တယ်၊ မြစ်သား -ပြင်စည်လမ်းပိုင်းနဲ့နီးတဲ့ ရန်ကုန် -မန္တလေးလမ်းဟောင်းဘက်လည်း ထိတယ်” ဟု Voice Of Wundwin မှတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article