38 C
Yangon

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်သို့ စစ်တပ် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

Must read

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်သို့ စစ်တပ် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

ရန်ကုန်၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပြီး အင်အား ဖြည့်တင်းနေကြောင်း Budalin Mobile Team – ရွေ့လျားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခမှ တပ်အင်အား အများအပြား ခြေလျင်စစ်ကြောင်းထိုးလာပြီး ဘုတလင်မြို့သို့ အင်အားဖြည့်တင်း ဝင်ရောက်လာကြောင်း၊ စစ် ကြောင်းထိုးရာ လမ်းကြောင်းတွင် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်သဖြင့် ထိခိုက် သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

“တပ်အင်အားက များတယ်၊ အတိအကျမသိရဘူး။ အင်အားဖြည့်ဖို့လား၊ လူချိန်းဖို့လား ပြောလို့ မရသေးဘူး။ လက်ရှိတော့ တပ်က ဘုတလင်မြို့ထဲမှာရှိသေးတယ်။ လမ်းမှာတုန်းက မိုင်းဆွဲခံရသေးတယ်။ အထိအခိုက်များတယ်လို့တော့ သိရတယ်။ စစ်ကြောင်းထိုးတဲ့ လမ်း ကြောင်းတလျှောက်က ပြည်သူတွေကတော့ ညတုန်းက တိမ်းရှောင်နေလိုက်ရတယ်” ဟု Budalin Mobile Team – ရွေ့လျားစစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်က ဘုတလင်မြို့တွင်းသို့ ရောက်ရှိပြီးနောက် လက် နက်ငယ်များ ပစ်ဖောက်ခဲ့ကာ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် စုဝေးတပ်စွဲနေကြောင်း၊ လက်ရှိဘုတ လင် မြို့တွင်းနှင့် မြို့အနီးတဝိုက်ရှိ ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့်နေထိုင်ကြရန် ဘုတင်အခြေစိုက် တော်လှန်ရေးတပ်က သတိပေးထားသည်။

ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ညတွင်း ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article