Khit Thit သတင်းဌာန၏ ဧပြီ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီက ငလျင်ဒဏ်သင့်ထားတဲ့ မန္တလေးက စီးပွားရေးသမားတွေအပါအဝင် ပြည်တွင်းက စက်မှုဇုန်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးအဖွဲ့တွေကို နေပြည်တော်အထိ ခေါ်ပြီးအတင်းအကျပ် အလှူငွေတောင်း နေပြန်သလို ရန်ကုန်က လုပ်ငန်းရှင်တွေကိုလည်း အမြန်လမ်းတွေပျက်ဆီးထားတဲ့အတွက်ဆိုပြီး လေယာဉ်နဲ့ပါ နေပြည်တော်ခေါ်ပြီးတော့ အတင်းအကျပ် ငွေတောင်းရမ်းနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်အသိုင််းအဝိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းမြို့မှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခအတိရောက်နေတဲ့အချိန် စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မနေ့က ညပိုင်းမှာပဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှု ကြောင့် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာတွေရထားပြီး ၊ အလ္လကပကျေးရွာကိုပါ စစ်တပ်က သေနတ်တွေပစ် ဖောက်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ငလျင်ဒဏ်သင့် အမရပူရမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အတွင်းက ကယ်ဆယ်ရေးမလုပ်နိုင်တဲ့ နေရာတွေမှာ သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
