ငါ့သရောက်မြို့တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော အောင်စိုး ပစ်ခတ်ခံရပြီး သေဆုံး
မန္တလေးတိုင်း၊ ငါ့သရောက်မြို့တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော အောင်စိုးကို ပစ်ခတ် တိုက်ခိုက်ရာ နေရာတွင် သေဆုံးခဲ့ကြောင်း ပုဂံဘီလူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၇ ရက် နံနက်ပိုင်းတွင် ငါ့သရောက်မြို့အတွင်းရှိ အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်းကာ ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော စစ်တပ် လက်ပါးစေ ပြည်သူ့စစ်အဖွဲ့ဝင် အောင်စိုးကို ၎င်းနေအိမ် ဈေးဆိုင်းအတွင်း တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက အကြမ်းဖက် နှိမ်းနင်းရေး အမည်ခံ ပြည်သူ့စစ်အဖွဲ့ဝင်ဆိုလည်းဟုတ်တယ်။ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူပါ” ဟု ပုဂံဘီလူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုဂံဘီလူးတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ ခန့်အပ်ထားခြင်းခံရသော အုပ်ချုပ်ရေးမှူးများအနေဖြင့် အမြန်ဆုံးနှုတ်ထွက်ကြရန်နှင့် ပြည်သူ လူထုနှင့်ပူးပေါင်းပေးကြရန် နှိုးဆော်ထားပြီး ပူးပေါင်းခြင်း မရှိသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
