တိုက်ကြီးမြို့ရှိ ကပစက ၁၁ ကို ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ ၊ လက်နက်ငယ်စက်ရုံ၊ ရိက္ခာနှင့်ခဲယမ်းဂိုဒေါင် မီးလောင်ပျက်စီး
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၁၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစက ၁၁) ကို ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိကြောင်း Urban Special Operation (U.S.O) မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၄ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ ကစပ ၁၁ ကို မြို့ပြ အထူး စစ် ဆင်ရေးအဖြစ် တာဝေးပစ် မစ်ဇိုင်းဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီအတွက် လိုအပ်သော လက်နက်ခဲယမ်းနှင့် အစိတ်အပိုင်းများကို ကပစ ၁၁ မှတစ်ဆင့် ထောက်ပံ့ပို့နေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ကြီးရှိကပစ ၁၁ ရှိ လက်နက်ငယ်စက်ရုံ ပျက်စီးသွားပြီး ရိက္ခာဂိုဒေါင် နှင့် ခဲယမ်း ဂိုဒေါင် မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ အရာရှိနှင့်တပ်သား ၁၆ ဦး ပြင်းထန်ဒဏ်ရာရရှိထားပြီး ၅ ဦး သေဆုံးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ Urban Special Operation (U.S.O) က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီက တိုက်ခိုက်မှုကြောင့် ကပစ ၁၁ သေဆုံးထိခိုက်ပျက်စီးမှု သတင်းကို မထွက်စေရန် အချင်းချင်းစစ်ဆေးမှုများလုပ်ဆောင်ခြင်း၊ လုံခြုံရေးတိုးမြှင့်ခြင်း၊အရပ်ဝတ်မာဖီများဖြင့်ပူပေါင်း၍ နေရာအနှံ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေ၍ လုံခြုံရေး သတိပြုကြရန် သတိပေးထားသည်။
ယင်းစစ်ဆင်ရေးတွင် Shadow (S.A.F) က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီ၏ စီးပွားရေးပိုင်ဆိုင်မှုများ အပြင် ပတ်သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်အဖြစ် မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
ဓာတ်ပုံ- မန္တလေးမြို့လယ်ခေါင်ရှိ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
