29 C
Yangon

နန့်မွန်းမြို့ အနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်း အဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

နန့်မွန်းမြို့ အနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်း အဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၁

ကချင်ပြည်နယ်၊ နန့်မွန်းမြို့ အနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်း အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့အနီးကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်း အဖွဲ့ကို ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် နံနက် ၈ နာရီထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“အဲစစ်ကြောင်းမှာက စစ်ခွေးတပ်တွေလည်း ပါပါတယ်။ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့အနီးက ဆနွင်းကုန်း၊ အင်းသာမှာ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာ စစ်ခွေးတွေဘက်က ၅ ကောင်သေပြီး လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရရှိပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article