ဆားလင်းကြီးမြို့နယ်တွင် ပြည်သူများကို စက်တပ်လေထီး (Paramotor)ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဒေသပြည်သူများထံသို့ စက်တပ်လေထီး(Paramotor)ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
လက်ရှိအချိန်တွင် အညာဒေသရှိနေရာအများအပြားသို့ အကြမ်းဖက်စစ်ကောင်စီက စက်တပ်လေထီး (Paramotor)များကို အလွန်အကျွံအသုံးပြုလာပြီး ပြည်သူများနေထိုင်ရာအရပ်သို့ လေကြောင်းတိုက်ခိုက်မှုများ မကြာခနဆိုသလိုပြုလုပ်လျက်ရှိကြောင်း၊ ထို့အတွက်ကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းအသိ ၊ လေကြောင်းသတိရှိပြီး ဗုံးခိုကျင်းမြား ကတုက်ကျင်းများတူးပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။


