26 C
Yangon

ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး အသက်ပေးလှူခဲ့ရ

Must read

ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး အသက်ပေးလှူခဲ့ရ

ရန်ကုန်၊ ဧပြီ ၁၃

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) ရုံး အထူးတိုက်ခိုက်ရေးနှင့် လက်ရုံး တပ်ဖွဲ့၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) ရုံး Drone Team ( Wings Of Kalay ) နှင့် ကလေးမြို့နယ် မြို့ပြစီမံချက် ( UG ) တပ်ဖွဲ့တို့သည် ၂၀၂၄ခုနှစ်၊ ဇူလှိုင်လမှ စတင်၍ ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံး မြို့တစ်မြို့ ဖြစ်သော ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင် ( CB ) အဖွဲ့နှင့်အတူ လေ့ကျင့် ပြင်ဆင်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်သော ဖလမ်းမြို့အား မြို့သိမ်းတိုက်ပွဲအဖြစ် ချင်းညီနောင် ( CB ) စစ်ဆင်ရေးအဖွဲ့နှင့် အခြားပူးပေါင်းမဟာမိတ် တပ်ဖွဲ့များ နှင့်အတူ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်သော ဖလမ်းမြို့ရှိ ခလရ ၂၆၈ တပ်အထိုင် သည် စစ်ကောင်စီမှ ဗျူဟာမှူးအဆင့်ထိုင်၍ ကွပ်ကဲသော တပ်အထိုင်ဗျူဟာကုန်း ဖြစ်ပြီး ဖလမ်းမြို့သည် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် စစ်ကိုင်းတိုင်း၏ ဒုတိယ အကြီးဆုံး စစ်ဌာနချုပ်ဖြစ်သည့် ကလေးမြို့ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ( ဒကစ ) အထိုင်နှစ်ခုကြာ မြေပြင်ဆက်သွယ်ရေး၊ ထောက်ပို့လမ်းကြောင်းတွင် အဓိက ခရာကျ မြို့လည်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) အထူးတိုက် ခိုက်ရေးနှင့် လက်ရုံးတပ်ဖွဲ့မှ ဒဏ်ရာရရဲဘော် ( ၁၀ ) ဦး၊ ပြည်သူ့အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့သူ ရဲဘော် (၁) ဦးနှင့် ကလေးမြို့နယ် မြို့ပြစီမံချက် ( UG ) တပ်ဖွဲ့မှ ဒဏ်ရာရရဲဘော် ( ၉ ) ဦးတို့ပေးဆပ်ခဲ့ရပါသည်။ G ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်သော ဖလမ်းမြို့အား မြို့သိမ်းတိုက်ပွဲအဖြစ် ချင်းညီနောင် ( CB ) စစ်ဆင်ရေးအဖွဲ့နှင့် အခြားပူးပေါင်းမဟာမိတ် တပ်ဖွဲ့များနှင့် အတူ ၂၀၂၅ခုနှစ် ဧပြီလ၊ ၈ ရက်နေ့ တွင် အပြီးပိုင်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးဆင်နွှဲနေသော နွေဦးတော်လှန်ရေးအား အဆုံးထိတိုင် မဆုတ်မနစ်သောဇွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်၌ မဟာမိတ်တပ်ရင်း/ဖွဲ့များနှင့် အတူ ပူးပေါင်းဆောင်ရွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဂတိပြုပြောဆိုထားသည်။

ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်သော ဖလမ်းမြို့ မြို့သိမ်းတိုက်ပွဲအား ပါဝင်တိုက်ပွဲဆင်နွဲပြီး တပ်ရင်း/ဖွဲ့အသီးသီးမှ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေး လှူခဲ့ကြရသော ပြည်သူ့ရဲဘော်များအားလုံးကိုလည်း ကိုယ်စိတ်နှလုံးအသွေးအသားထဲမှ မကျန် လေးစားစွာဖြင့် အလေးပြုဂုဏ်ပြုအပ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article