32 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

စစ်ကိုင်းတိုင်းက အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ တပ်သားတွေကို တော်လှန်ရေးတပ်တွေက စစ်ဆေး နေပြီး သူတို့ရဲ့ထွက်ဆိုချက်နဲ့စစ်ဆေးတွေ့ရှိမှုအပေါ်မူတည်ပြီးတော့ တရားစီမှာဖြစ်တယ်လို့ NUG ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မကွေးတိုင်းက စလင်း-စေတုတ္တရာ လမ်းပိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ၁၈ မိုင်ကုန်းစခန်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကိုပါ အရှင်ဖမ်းဆီး ရမိထားတဲ့အပြင် သေနတ် ၅ လက်ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ ပခုက္ကူခရိုင် PDF အမှတ် ၆ တပ်ရင်းက ပြောပါတယ်။

နွားထိုးကြီး ရေလည်ဘုန်းကြီးကျောင်းနဲ့ မင်းတပ်မြို့တွေကို လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ရပြန်တဲ့အပြင် ကိုရင်ငယ် ၁ ပါးနဲ့ သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးလည်း ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article