28 C
Yangon

ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ ကင်းပတ်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားအားလုံး တပ်ထဲဝင်ပြေး

Must read

ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ ကင်းပတ်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားအားလုံး တပ်ထဲဝင်ပြေး

ရန်ကုန်၊ ဧပြီ ၁၇

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ အကြမ်းဖက် စစ်သားများ ကင်းပတ်ရန် ထွက်လာစဉ် ရေးဘီလူးအဖွဲ့က RPG နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား အားလုံး တပ်ထဲဝင်ပြေးသွားကြောင်း ရေးဘီလူးအဖွဲ့ တပ်ရင်းမှူးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောင်းရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ အကြမ်းဖက် စစ်သားများသည် ကင်းပတ်ရန် ထွက်လာစဉ် ရေးဘီလူး အဖွဲ့က RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး စစ်သား အားလုံး ကြောက်လန့်၍ ခမရ ၅၉၁ တပ်ရင်းထဲကို ဝင်ပြေးသွားကြောင်း သိရှိရသည်။

“သူတို့ အင်အားကတော့ သိပ်မများဘူး အယောက် ၂၀ ဝန်းကျင်လောက်ပဲ ရှိတယ်။ ထိတယ် ကျွန်တော်တို့ ကျဆုံးမှု အရေအတွက် အတိအကျမသိဘူး ။ ဒဏ်ရာတွေတော့ ရကြတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ ပစ်ကွင်းက အရမ်းရှင်းတယ်လေ။ ပစ်ကွင်းတည့်တည့်ကြီးကို ပစ်နိုင်ခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ တပ်ရင်းမှူးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article