27.7 C
Yangon

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံး

Must read

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို‌ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးမှု များပြားကြောင်း သိရှိရသည်။

” လိပ်ကျရွာကို ဒီနေ့ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲသွားတာ ပြည်သူ ၁၃ ဦးသေဆုံးတယ်လို့ ကနဦး သိရပါတယ်။ သေဆုံးတဲ့ ထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များတယ်လို့ သိရတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article