စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ဆောင်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက် ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရရှိတယ်။ စာသင်ဆောင်တွေလည်း ပျက်စီးသွားတယ်” ဟု စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောဆိုသည်။


