35 C
Yangon

ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဧပြီ ၁၉

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ မြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင် စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Operation Flame (OF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ ည ၉ နာရီ ၅၇ မိနစ်ခန့်တွင် ကမာရွတ်မြို့နယ်၊ မြို့မရဲစခန်းကို တော်လှန်ရေး ရဲဘော်များက လက် ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း မြေပြင် အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ကမာရွတ် ရဲစခန်း ရဲခွေးကင်းကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်မှု ရှိနိုင်ပါတယ်” ဟု Operation Flame (OF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Operation Flame (OF) နှင့် မဟာမိတ် Yangon UG People Army – YUPA တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article