Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်ကောင်စီကင်းစင်သွားတဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေးလေဟာနယ်မဖြစ်စေဖို့ ပြည်နယ်တွေမှာ တိုင်း ရင်းသားလက်နက်ကိုင် EROs တွေက တာဝန်ယူထားပြီး တိုင်းဒေသတွေကို NUG အစိုးရက အုပ်ချုပ်ဖို့ တာဝန်ခွဲဝေယူထားတယ်လို့ NUG အစိုးရရဲ့ ၄ နှစ်ပြည့်အစီရင်ခံစာမှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသပြည်သူ တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်က အပစ်ရပ်တယ်လို့ နိုင်ငံတကာကို ထွက်ပြောကာ ကတိ တွေ ပေးနေပေမယ့်လည်း ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ကကျေးရွာတွေကို အကြမ်းဖက်စစ်တပ် သတင်း ပေးတွေဖြစ်တဲ့ ကြံ့ဖွတ်ပါတီဝင်တွေနဲ့ မဘသဘုန်းကြီးတွေက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခိုင်းနေတာကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
