28 C
Yangon

ကျောက်တော်မြို့ နေရာအနှံ့ကို စစ်ကောင်စီက ဗုံး ၁၀ လုံးကျော်ကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး အရပ်သား ၂၀ ကျော် ဒဏ်ရာရ

Must read

ကျောက်တော်မြို့ နေရာအနှံ့ကို စစ်ကောင်စီက ဗုံး ၁၀ လုံးကျော်ကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး အရပ်သား ၂၀ ကျော် ဒဏ်ရာရ

ရန်ကုန်| ဧပြီ ၁၉

ရခိုင်ပြည်၊ ကျောက်တောမြို့ထဲ နေရာအနှံ့ကို ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၃ နာရီခန့်တွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်း ကနေ ဗုံးအလုံး ၁၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြည်သူများ အိပ်မောကျနေချိန် စစ်ကောင်စီက စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ပြည်သူများ ထွက်ပြေးချိန်မရလိုက်ဘဲ အရပ်သား ၁ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု သိရှိရသည်။

ကျောက်တော်မြို့ထဲက နေရာ ၃ ခုကို စစ်ကောင်စီက ၄ ကြိမ်းထက်မနည်း ဗုံးအလုံး ၁၀ ကျော်ဖြင့် လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်ဒေသမှ ပြည်သူတစ်ဦးက ပြောသည်။

“လူအိပ်မောကျနေချိန် စစ်ကောင်စီက ဗုံးလာကြဲတယ်။ ပြည်တော်သာ၊ မြို့သစ်နဲ့ ဆေးရုံကြီးအနီးကို ကျရောက်ခဲ့ပါတယ်။ ကနဦး သိရတာက ၁ ဦးထက်မနည်း သေဆုံးတယ်။ ၂၀ ကျော် ဒဏ်ရာရတယ်။ အားလုံး အရပ်သားတွေ ဖြစ်ပါတယ်။ လောလောဆယ် နာမည်စာရင်း အတိအကျ သိရဖို့ ခက်တယ်။ စစ်ကောင်စီက ကျောက်တော်မြို့ တစ်ခုလုံးကို ဖြန့်ကျက်ပြီး ကြဲခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခု ထိခိုက်သေဆုံးမှုများထဲတွင် ကလေးငယ်များလည်း ပါဝင်ပြီး ဆက်သွယ်ရေး အခက်အခဲကြောင့် အသေး စိတ် အချက်အလက်များကို မသိရသေးပေ။

နောက်ထပ် ကျောက်တော် ဒေသခံတစ်ဦးက “တိုက်ပွဲ ဖြစ်နေတာလည်း မဟုတ်ဘူး။ စစ်ရေးနဲ့ ဆိုင်တာလည်း ရှိတာ မဟုတ်ဘူး။ လူတွေ အိပ်နေတဲ့အချိန် ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ကောင်စီက ပြည်သူတွေကို ရည်ရွယ်ချက်ချက်ရှိရှိ သတ်ဖြတ်တာ ဖြစ်ပါတယ်။ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတာထက် ပိုသွားပါပြီ။ လူသားမျိုးနွယ် မျိုးတုံးအောင် သတ်ဖြတ်တာ ဖြစ်ပါတယ်။ စစ်အုပ်စုတစ်ခုလုံးကို အမြန်ဆုံး ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ကျောက်တော်မြို့ထဲကို အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့မှာလည်း ဂျက်ဖိုက်တာဖြင့် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ ဆောင် ပျက်စီးခဲ့ရသည်။

ဓာတ်ပုံ- APM ။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article