26 C
Yangon

ဝက်လက်မြို့နယ်တွင် ပြည်သူများ လိုက်ပါလာသော စက်လှေ ၁ စီးကို စစ်တပ်က ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး

Must read

ဝက်လက်မြို့နယ်တွင် ပြည်သူများ လိုက်ပါလာသော စက်လှေ ၁ စီးကို စစ်တပ်က ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပြည်သူများ လိုက်ပါလာသော စက်လှေ ၁ စီးကို စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်အချိန် ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာမှ အကြမ်းဖက် စစ်တပ်က ဝေလ်မာသကြားသံခွန်ကို သေနတ်ပစ်ဖောက်၍ ကမ်းကပ်ခိုင်းစဉ် သံခွန်အနီး ကပ်ပါလာသော စက်လှေ ၁ စီးကို ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် မော်တော်တွင် လိုက်ပါလာသော မတ္တရာမြို့နယ်၊ ရှင်လှကျေးရွာမှ အသက် ၃၁ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးကာ အသက် ၂၇ နှစ် အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“သကြားသံခွန်ကို စစ်ခွေးတွေက သေနတ်ပစ်ခတ်ဖောက်ပြီး တားတာကနေ သံခွန်နဲ့ ကပ်ပါလာတဲ့ မော်တော်ကို ကျည်ထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံးတယ်” ဟု ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article