27 C
Yangon

စလင်းမြို့နယ်၊ လင်ဇင်းတိုက်နယ်အတွင်း မိုင်းထိသေဆုံးသွားသော စစ်သားအလောင်း တစ်လောင်း တွေ့ရှိ

Must read

စလင်းမြို့နယ်၊ လင်ဇင်းတိုက်နယ်အတွင်း မိုင်းထိသေဆုံးသွားသော စစ်သားအလောင်း တစ်လောင်း တွေ့ရှိ

ရန်ကုန်၊ ဧပြီ ၁၉

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်ဇင်းတိုက်နယ်အတွင်း မိုင်းထိသေဆုံးသွားသော စစ်သား အ လောင်း တစ်လောင်းတွေ့ရှိသဖြင့် ကောင်းမွန်စွာ သင်္ဂြုလ်ပေးခဲ့ရကြောင်း ဒေါင်းညီ နောင် မြို့ပြပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်း စလင်းမြို့နယ်၊ လင်ဇင်းနှင့် သစ်ခေါက်တောင်ကြား သစ်တော့ အတွင်း၌ မိုင်းထိသေဆုံးသွားသော စစ်သား အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းရုပ် အလောင်းအား ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ကောင်းမွန်စွာမီးရှို့သင်္ဂြိုလ်ပေးခဲ့ရ ကြောင်း သိရသည်။

“လင်ဇင်းနဲ့ သစ်ခေါက်တောင်ကြားက တောထဲမှာ တွေ့တာ။ ကျနော်တို့ ထောင်ထားတဲ့ မိုင်းကွင်း ထဲမှာပေါ့၊ အ လောင်းက ပုပ်ပွနေပြီ။ စစ်ကြောင်း ထဲကနေ ထွက်ပြေးလာပြီး မိုင်းမိသေတာ ထင် တယ်။ ကျနော်တို့ ဖမ်းမိထားတဲ့ မိုင်းတိုးထားတဲ့ တစ်ယောက်ကလည်း ကြောင်တောင်တောင် ဖြစ် နေတာ၊ ရုပ်အလောင်း တွေ့ထားတဲ့ လူရဲ့ နာမည်ကို မေးတာ မေးမရဘူးဖြစ်နေတာ၊ သူကလည်း နာ မည်မသိဘူးဖြစ်တာ၊ သူကလည်း မိုင်းထိပြီး ဒဏ်ရာ ရထားတာကလည်း များတယ်။ လက်ချောင်း တွေ ဘာတွေ ပြတ်ထားတာ၊ ခေါင်းတွေဆိုလည်း ၁၂ ချက် လောက်ချုပ်ရတယ်။ သူပြောတာက နှစ် ယောက်ပြေး လာတာလို့ပဲ သိရတယ်။ ပုံကိုပြတော့ အဲဒီလူ လို့ ပြောလို့ မျှားပြပြီး တော့ တင်ထား တယ်။ လက်ရှိတော့ အလောင်းကို မီးရှို့သင်္ဂြိုလ်ပစ်ခဲ့ပြီးပြီ။” ဟု ဒေါင်းညီ နောင် မြို့ပြပြောက် ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

စလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားများ၊ စစ်ကြောင်းအတွင်းပါလာသော စစ်မှုထမ်း‌ပေါ် တာဆွဲခံသည့် စစ်သားများအနေဖြင့် အလင်းဝင်ရောက်လိုပါက တယ်လီဂရမ် @PeacockBrother နှင့် 09407401533 သို့ ဆက်သွယ်နိုင်ကြောင်း အသိ ပေးထားသည်။

စလင်းမြို့နယ်အတွင်းတွင် သင်္ကြန်မတိုင်ခင်ကတည်းက အကြမ်းဖက်စစ်ကောင်စီတပ် ပခုက္ကူ အ ခြေစိုက် တပ်မ ၁၀၁ လက် အောက်ခံ ၂၃၅ တပ်မှ ဗိုလ်မှူး စစ်ရန်နိုင် ဦးစီးကာ စစ်ကြောင်းထိုးနေပြီး လက်ရှိတွင် သစ်ခေါက်တောင်တွင် တပ်စွဲထားကြောင်း သိရှိရသည်။

ဒေါင်းညီနောင်မြို့ပြ ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ထွက် ပြေးလာသည့် စစ်သား ၃ ဦးကို ကယ်တင်ပေးခဲ့ရပြီး သွားလိုရာနေရာများသို့ ၂ ဦး ပို့ဆောင်ပေး ထား ပြီဖြစ်ကြောင်း၊ လက်ရှိတွင် ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားသည့် ဧရာဝတီတိုင်းမှ စစ် မှုထမ်းပေါ်တာဆွဲခံရသူတစ်ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article