စစ်ကောင်စီ၏ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦးသာ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲ
အကြမ်းဖက် စစ်ကောင်စီ၏ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦးသာ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကာ်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်ကောင်စီက နှစ်ဆန်း ၁ ရက်နေ့တွင် လွတ်ငြိမ်းပေးမှုတွင် အကျဉ်းထောင် ၃၃ ထောင်မှ နိုင်ကျဉ်း ၃၇၈ ဦး လွတ်မြောက်သည်ဆိုသာ်လည်း အင်းစိန်အကျဉ်းထောင် လွတ်ငြိမ်းစာရင်း စိစစ်ရန်လိုနေသေးကာ နိုင်ကျဉ်း ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ၊ လက်ရှိတွင် PPNM မှ မှတ်တမ်းကောက်ယူမှုအရ အကျဉ်းထောင်၃၃ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၂၁ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁၅၇ဦး စုစုပေါင်း ၃၇၈ဦး လွတ်မြောက်ကြောင်း သိရှိရသည်။
“အကျဉ်းထောင်ထဲမှာ ၂ သောင်းကျော်လောက်တော့ ကျန်ရှိနေဆဲဖြစ်တယ်။ လက်ရှိလွတ်နေတဲ့ အရေအတွက်တွေက အရမ်းနည်းသေးတယ်။ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး ပုဒ်မတွေနဲ့ ၅၀၅ အပါအဝင် တခြားပုဒ်မတွေနဲ့ စွဲခံထားရသူတွေ လက်ရှိ အကျဉ်းထောင်ထဲမှာ ရှိနေတော့ ၂ သောင်း ဝန်းကျင်နဲ့ ၂ သောင်းကျော်လောက်တော့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲလို့ ပြောလို့ရပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကာ်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိ စာရင်းအရ လွတ်ငြိမ်းစာရင်းတွင် နိုင်ကျဉ်း ၁၀ ရာခိုင်နှုန်းအာင် လွတ်မြောက်လာသည်ဟု ဆိုနိုင်ကြောင်း ၊ သို့ရာတွင် အင်းစိန်အကျဉ်းထောင်၏ နိုင်ကျဉ်း ၂၀၀ လွတ်မြောက်သည်ဆိုသည့် စာရင်းမှာမူ ဆက်လက် စိစစ်ရဦးမည် ဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
“ကျနော်တို့ အကျဉ်းထောင်ထဲကို တိုက်ရိုက်ဝင်ရောက် စစ်ဆေးခွင့်ရတဲ့ အဖွဲ့အစည်း မဟုတ်တော့ လွတ်မြောက်လာတဲ့ လူတွေရဲ့ ပြောဆိုမှုနဲ့ ကျနော်တို့ရဲ့ စောင့်ကြည့်မှု၊ ထွက်လာတဲ့ အခြေအနေကို နယ်မြေတာဝန်ခံတွေရဲ့ သတင်းပေးပို့မှုအပေါ်အခြေတည်ပြီး တွက်ဆထားတာ ဖြစ်တဲ့အတွက် မြေပြင်မှာ ဒီထက်ပိုမို များပြားနိုင်တာလည်း ရှိသလို ဒီထက်ပို နည်းသွားနိုင်တာလည်း ရှိပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့တွင် အကျဉ်းသား ၅၀၀၀ နီးပါးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်းဖြစ်သည်။
