Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-တရုတ်နိုင်ငံကို ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့ မခင်စန္ဒာ ဆိုသူအမျိုးသမီးဟာ ပြန်လည် လွတ် မြောက်လာတဲ့အချိန် လူကုန်ကူးခဲ့တဲ့သူတွေကို တိုင်ကြားပေမယ့် နေပြည်တော်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်ထဲရေး နဲ့ ရဲတပ်ဖွဲ့က အမှုပေးမဖွင့်တဲ့အပြင် တိုင်ကြားတဲ့သူကိုပါ ပြန်ပြီး ခြိမ်း ခြောက်နေတယ်လို့ ကာယကံရှင်အမျိုးသမီးကိုယ်တိုင်က ရန်ကုန်ခေတ်သစ်ကို အသိပေးပြောဆို လာပါတယ်။
-မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခပေါင်းစုံရောက်နေတဲ့အချိန်မှာတောင် အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်နေတဲ့အတွက် စစ်ကောင်စီရဲ့ နေပြည်တော်အေလာလေတပ်စခန်းကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲသံတွေကြားရတဲ့အကြောင်းကို နေပြည်တော်မှာရှိတဲ့ ပြည်သူတွေကပါ ရန်ကုန်ခေတ်သစ်ကို အတည်ပြုပြောထားပါတယ်။
ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာတွေ ရသွားကြပြီးတဲ့နောက် စစ်ကြောင်းတစ်ခုလုံး ပြန်ဆုတ်ပြေးသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
